အပိုင်း ၃၇ (မင်စစ်)
(Warnning နည်းနည်းပေးမယ်နော်😁)
သတ္တမမြောက် ဝိညာဥ်ပြသနာအားဖြေရှင်းပြီးချိန်တွင် ရှောင်လန် တော်တော်အားနည်းနေပြီဖြစ်သည်။ သူမ၏မှော်စွမ်းအားများသည် မိစ္ဆာဓာတ်လုံးမှ ရရှိလာခြင်းဖြစ်သောကြောင့် မိစ္ဆာဓာတ်လုံးကိုအားဖြည့်ပေးနေသော အင်အားကြီးဝိညာဥ်များလျော့နည်းလာသည်နှင့်အမျှ သူမ၏မှော်စွမ်းအားများလည်း ကုန်ခမ်းလာပြီဖြစ်သည်။
"လန်လန် လာ ဖြေးဖြေးလှဲ''
ချူဖုန်း၏ ဖေးမမှုဖြင့် သူမအိပ်ယာထဲသို့ အဆင်ပြေပြေရောက်သွားသည်။
"ချူဖုန်း''
"ဟင်''
".ကျေးဇူးပါ''
ချူဖုန်းသည် နူးညံ့စွာပြုံးလိုက်ပြီး သူ၏သိုလှောင်အိတ်ထဲမှ ရေဗူးကိုထုတ်လိုက်သည်။ ထိုဗူးထဲမှ အနီရောင်ခပ်ပျစ်ပျစ်အရည်တစ်ချို့ကို ကြွေခွက်ထဲထည့်ကာ ရှောင်လန်အားပေးလိုက်သည်။
".ဒါ သွေးတွေလား''
"အင်း...''
"ဘာသွေးမို့လို့ဒီလောက်မွှေးရတာလဲ''
".ကျောက်သွေး သိပ်ကိုရှားပါးတယ် သောက်လိုက်ပါ အားအင်ပြည့်စေတယ်''
ရှောင်လန်သည် ခွက်ကို လက်ဖြင့်တွန်းထုတ်၍...
"ဟင့်အင်း ကျွန်မ မသောက်ချင်ဘူး''
အနံ့သည်မဆိုးရွားသော်လည်း သွေး ဟူသောအသိစိတ်ကြောင့် သူမသောက်ရန်ငြင်းဆန်မိသည်။
ချူဖုန်းသည် သူမ၏အတွေးများကို ကြိုသိနေသည့်အလား တစ်ချက်ပြုံးကာ ထိုသွေးများကို ငုံလိုက်သည်။ ထို့နောက် ရှောင်လန်၏နှုတ်ခမ်းဝဆီသို့....
နူးညံ့ထွေးအိနေသောနှုတ်ခမ်းတစ်စုံအား အရသာခံမိသည့်အခိုက်အတန့်တွင် ရှောင်လန်ရော ချူဖုန်းပါ ရင်ဖိုလှိုက်မောနေမိသည်။ ချူဖုန်းအတွက်တော့ သူ၏လျှာပေါ်မှအရသာသည် ကျောက်သွေး၏ချိုမြိန်မှုပေလော နှုတ်ခမ်း၏ချိုမြိန်မှုပေလော မခွဲခြားနိုင်တော့.....
နှုတ်ခမ်းချင်းခွာလိုက်သောအခါ ရှောင်လန်၏ရှက်ရွံ့နေသောမျက်နှာကလေးကို တွေ့လိုက်ရသည်။
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...