အပိုင်း ၃၄ (အမှုထမ်းငယ် မော့ရှုံး)

863 94 3
                                    

အပိုင်း ၃၄ (အမှုထမ်းငယ် မော့ရှုံး)

မိဖုရားဝမ် သူမ၏အဆောင်တော်ထဲတွင် အရုပ်ကြိုးပြတ်ထိုင်ကာ မှိုင်တွေနေသည်။ လက်ရှိတွင် အိမ်ရှေ့စံမင်းသားက သူမ၏သားကို အကျဥ်းချထားရုံသာမက သူမကိုပါ စွဲချက်အမျိုးမျိုးနှင့် တိုက်ခိုက်နေသည်။ တစ်ချိန်က သူမ မြှောက်စားခဲ့သူများကလည်း အခြေနေမဟန်မှန်းသိသဖြင့် ဘက်ပြောင်းသွားကြပြီဖြစ်သည်။ ခြောက်သွေ့နေသော နန်းတော်ထဲတွင် သူမ အသက်ဆက်ရှင်လိုစိတ်မရှိတော့ပေ။

သူမနှင့်ခပ်လှမ်းလှမ်းတွင်ရှိသော စားပွဲပေါ်သို့လှမ်းကြည့်လိုက်သည်။ ထို့နောက် အားအင်ချိနဲ့စွာပင် စားပွဲဆီသို့သွား၍ ကလောင်တံကိုကိုင်လိုက်သည်။

...အရှင်မင်းကြီး
           ဖြစ်ခဲ့သမျှဟာ ကျွန်တော်မျိုးမရဲ့ အပြစ်တွေပါပဲ
           သားတော်လုနဲ့ ဘာမှမဆိုင်တဲ့အတွက် သူ့အသက်
            ကို ချမ်းသာပေးပါ။ အဲ့ဒီအစား ကျွန်တော်မျိုးမ
           ရဲ့ အသက်ကို အဖိုးခအဖြစ်ပေးခဲ့ပါရစေ။
                                                အရှင့်ရဲ့ မိဖုရားဝမ်...

ထို့နောက် အဖြူရောင်ပဝါစကို ထုတ်တန်းတွင်ချည်ကာ မေးတင်လိုက်သည်။ တစ်ချိန်က ချစ်ခင်ပွန်း၏မျက်နှာကို မြင်ယောင်ရင်း နှုတ်မှ...

"အကို ကျွန်မရဲ့အပြစ်တွေကို ငရဲမှာသွားပြီးပေးဆပ်ပါရစေ''

ကော့ညွှတ်နေသောမျက်တောင်ရှည်တို့သည် အောက်သို့ငိုက်ကျလာသည်နှင့် မျက်ဝန်းကြားမှ မျက်ရည်ကြည်ဥလေးများ ထွက်အန်ကျလာတော့သည်။

"ဒုန်း...''

ထိုင်ခုံလဲကျသွားသံနှင့်အတူ တစ်ချိန်က အလှမာန်ကြွယ်ခဲ့သော မိန်းမလှတစ်ဦး၏ ဇာတ်သိမ်းခန်းကို ရင်နင့်ဖွယ်တွေ့လိုက်ရတော့သည်။

ထိုအခါမှ ကိုယ်ဖျောက်ထားသော ရှောင်လန်တို့အုပ်စုသည်လည်း စိတ်မကောင်းစွာပင် သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။

"ချန်လျန့်စစ်သူကြီး မိဖုရားဝမ်သေသွားပြီ မင်းကြီးပဲကျန်တော့တယ် မင်းကြီးကို နောက်နှစ်ရက်နေရင် မင်းသားရှစ် က လုပ်ကြံလိမ့်မယ်။မိဖုရားဝမ်က သူ့ကိုယ်သူ သတ်သေသွားတော့ ကျွန်မဘာမှမလုပ်လိုက်ရဘူး ရှင့်မှာ ဆန္ဒရှိသေးရင်ပြောပါ''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora