အခန်း ၂၇

961 99 6
                                    

အခန်း ၂၇

အခမ်းအနားမပြီးဆုံးသေးခင်တွင် ချူဖုန်းနှင့်ရှောင်လန်တို့ အမှောင်စံအိမ်သို့ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် တိတ်ဆိတ်မှုတို့ကြီးစိုးလျက်...

ရှောင်လန်ကပင်စကား စ၍...

"ချူဖုန်း ကျွန်မပြောစရာရှိလို့''

ချူဖုန်း၏ကျောက်ရုပ်မျက်နှာဖုံးသည် ရှောင်လန်၏အသံကြားရသည်နှင့်အရည်ပျော်ကျသွားသည်။ ချက်ချင်းပင် နူးညံ့သောအပြုံးတို့က ဖြစ်ပေါ်လျက်...

"အင်း လန်လန် ဘာပြောချင်လို့လဲ''

"ကျွန်မကိုကယ်ခဲ့တာကိုလည်းကျေးဇူးတင်ပါတယ် မိစာၦဧကရီရာထူးအတွက်လည်း ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မရဲ့တာဝန်ကမပြီးဆုံးသေးဘူး ကျွန်မကိုယ်ထဲက အင်အားအကြီးဆုံးဝိညာဉ်တွေအတွက် လုပ်ပေးစရာရှိနေသေးတယ်''

"ဒါက မခက်ပါဘူး ကိုယ့်လက်ထောက်တွေရှိတာပဲ''

ချူဖုန်းဆိုလိုချင်တာကို ရှောင်လန်သဘောပေါက်သည်။ ကျန်ရှိနေသော ဝိညာဉ်ခြောက်ခုအတွက် ကလဲ့စားချေဖု့ိကို သူ့လက်ထောက်တွေကိုခိုင်းမည့်သဘော။ သို့သော် ရှောင်လန်သဘောမတူနိုင်ပါ။ သူမ အမှောင်မြို့တော်တွင် နေထိုင်ကာ ချူဖုန်း၏ဇနီးလုပ်ရမည့်အဖြစ်ကို သူမလက်မခံနိုင်သေး။ တစ်နည်းဆိုရသော် သူမ ချူဖုန်းကိုမချစ်နိုင်သေးပေ။ ထို့ကြောင့် ချူဖုန်း၏ဂရုစိုက်မှုများကို လက်ခံရသည်မှာဝန်လေးလှသည်။ ထို့အပြင် ရှန့်ဟူနတ်သမီးကလည်းရှိသေးသည်။

"ချူဖုန်း ဒီကိစ္စကိုကျွန်မကိုယ်တိုင်ဖြေရှင်းချင်တယ်''

ချူဖုန်း ရှောင်လန်၏မျက်နှာအား အသနားခံသလိုကြည့်လိုက်သည်။ ထိုမိန်းကလေး၏မျက်နှာတွင် နောက်မဆုတ်မည့်အရိပ်အရောင်များတွေ့နေရသည်။

...ဒီမိန်းကလေးဟာလေ ခန္ဓာကိုယ်ပြောင်းသွားတာတောင် အရင်လိုခေါင်းမာဆဲပါလား...

ထိုသို့အပြုအမူလေးများကပင် ရှောင်လန်သည် သူတွေးထင်ထားသောမိန်းကလေး အမှန်ပင်ဖြစ်ကြောင်း သက်သေပြနေတော့သည်။

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Where stories live. Discover now