အခန်း ၇ (ကျွန်မကိုလက်ထပ်ပါ)
"ကျောက်စိမ်းမင်းသားကို နှုတ်ခွန်းဆက်သပါတယ်''
"မိန်းကလေးဖူရွယ် ငါမင်းသားကိုဘာကြောင့်တွေ့ချင်ရတာလဲ''
ဖူရွယ်၏လှပသောမျက်နှာကလေး အပေါ်သို့မော့လာကာ ရှန့်ဝူ၏ ဘေးတွင်ရပ်နေသော သုန်သုန်ကိုတစ်ချက်ကြည့်လိုက်သည်။ ရှန့်ဝူကသဘောပေါက်စွာပင် သုန်သုန့်ကိုအပြင်ထွက်ခိုင်းလိုက်သည်။
"ကဲ အခု မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ပြောလို့ရပြီ''
ဖူရွယ်သည်ကျောက်စိမ်းမင်းသား၏မျက်လုံးအား တည့်တည့်ကြည့်ကာ...
"ကျွန်မကိုလက်ထပ်ပါ''
ထိုစကားကိုကြားသောအခါ ကျောက်စိမ်းမင်းသားအနည်းငယ်ပြုံးမိသွားသည်။ ဒီနိုင်ငံက မိန်းမပျိုတိုင်းလိုလို သူ့ကိုလက်ထပ်ချင်ကြသည်ကိုသူသိပြီးဖြစ်၍ ဖူရွယ်၏စကားမှာမထူးဆန်းပေ။
ဖူရွယ်ကဆက်၍..."ကျွန်မနောက်မှာ ကျွန်မဖခင် ဖူအမတ်ကြီးရှိတယ် ကျွန်မက ရှင့်အတွက် စိတ်တူကိုယ်တူ ဇနီးသည်ဖြစ်လာမှာပါ ကျွန်မနဲ့လက်တွဲပါ ထီးနန်းကရှင့်အပိုင်ဖြစ်စေရမယ်.....''
ရှန့်ဝူ ဖူရွယ်ကိုအကဲခတ်လိုက်သည်။ ရှက်ရွံ့နေသည့်ပုံစံမတွေ့ရ။ ဒီမိန်းကလေး ရဲတင်းလွန်းသည်။ သူ့ကိုလက်ထပ်ချင်တာနဲ့ သူလိုတာကိုပြောပြီးဆွဲဆောင်နိုင်သည်။ ရည်ရွယ်ချက်ကြီးသည်။ ကောက်ကျစ်တတ်သည်။ ဤအချက်များမှာ သူနှင့်အံကိုက်ဖြစ်သည်။ ထို့နောက် သူ မဲ့ပြုံးပြုံးကာ...
"အဟွန်း... ကောင်းပြီလေ ဖူမိန်းကလေး စောင့်နေလိုက်ပါ မနက်ဖြန် မင်းဖခင်ဆီကို လက်ဖွဲ့နဲ့အတူ လာတောင်းရမ်းပါမယ် ဒါပေမဲ့...မင်းလည်းကတိတည်ဖို့တော့လိုမယ်နော်''
"သေချာတာပေါ့ မင်းသားရယ်''
ကျောက်စိမ်းအိမ်တော် အပြင်ရောက်ကာမှ ဖူရွယ် တင်းထားသမျှ လျှော့ချလိုက်သည်။
"ဟူး...ဒီကျောက်စိမ်းမင်းသားက မလွယ်ဘူးပဲ အကဲခတ်နေတာ ပေါက်ထွက်မတတ်ပဲ ဟင်း...နောက်ဆုံးတော့လည်း သူလိုချင်တာပြောလိုက်တာနဲ့ အဆင်ပြေသွားတာပဲ ဒီလောက်လွယ်မယ်လို့မထင်ခဲ့ဘူး ဟင်းဟင်း နောက်ဆုံးတော့...ကျောက်စိမ်းမင်းသား ငါ့လူဖြစ်တော့မယ်''
KAMU SEDANG MEMBACA
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Fiksi Sejarahမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...