အပိုင်း ၃၀(ကယ်တင်ရှင်)

876 99 3
                                    

အပိုင်း ၃၀(ကယ်တင်ရှင်)

"သူဌေး အခန်းရှိသေးလား''

"တစ်ယောက်ခန်းတွေပဲရှိတော့မယ်''

"အာ ဒီလောက်အစောကြီး အခန်းကကုန်သွားပြီလား''

"ဒီမနက် သခင်လေးတစ်ယောက်က အခန်းတွေတော်တော်များများငှားထားလို့ တစ်ယောက်ခန်းတွေပဲကျန်တော့တယ် မိန်းကလေးတို့ အဆင်ပြေမှာပါ ''

နျောင်အာစိုးရိမ်စွာဖြင့် ရှောင်လန်ကိုလှည့်ကြည့်လိုက်သည်။ရှောင်လန်က...

"ငါ့ကိုစိုးရိမ်နေတာမလား ငါအဆင်ပြေပါတယ် ခဏလောက်အားနည်းသွားရုံပါ အိပ်လိုက်ရင်ကောင်းသွားမှာ ငါပင်ပမ်းနေပြီ ရှိတဲ့အခန်းပဲယူလိုက်ရအောင်''

လူရှေ့တွင်ဟန်လုပ်ကာ အားတင်းနေရသော်လည်း အခန်းထဲရောက်သည်နှင့် ကုတင်ဆီသို့မြန်မြန်သွားကာ လှဲချလိုက်သည်။ သို့သော် ခန္ဓာကိုယ်မှ နေရခက်သောဝေဒနာမှာ သက်သာမသွားပေ။ သူမ၏နှာခေါင်းမှ ပူနွေးသောအရည်တချို့ယိုစီးကျလာသည်ကို ခံစားရသည်။ ထို့နောက်အမြင်အာရုံဝေဝါးကာ သတိလစ်သွားတော့သည်။

ထိုစဥ် ခုတင်ဘေးတွင် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အဖြူရောင်ဆံပင်ရှည်နှင့် ခံညားသောအမျိုးသားတစ်ဦး၏ပုံပေါ်လာသည်။ ထိုသူသည် သတိလစ်နေသောရှောင်လန်၏အနီးသို့တိုးကပ်သွားသည်။ ဝမ်းနည်းနေသောမျက်နှာထားဖြင့် သူ၏လက်များကိုရှောင်လန်၏ပါးပြင်သို့ တို့ထိကာ မပွင့်တပွင့်နှုတ်ခမ်းမှ...

"ပြောင်းလဲသွားလိုက်တာ လန်လန် ရယ်''

ထို့နောက် သူ၏ လက်ဝါးနှင့်ရှောင်လန်၏လက်ဝါးတို့ကို ထပ်ကာ စိတ်စွမ်းအင်တချိူ့ကူးပြောင်းပေးလိုက်သည်။

ရှောင်လန်၏မျက်စိထဲတွင် ဝိုးတဝါးအဖြူရောင်ပုံရိပ်ကိုသာမြင်ရသည်။ သို့သော်ထိုပုံရိပ်မှာ သူမအားဒုက္ခပေးရန်မဟုတ်ဘဲ ကုသပေးနေသည်။ ထို့နောက် သူမ၏မျက်နှာကို သူ၏လက်ဖြင့်ပွတ်သပ်ကာ...

"တစ်ခုခုကို သိချင်လာခဲ့ရင် ဒါလေးကို မျက်စဥ်းခတ်လိုက်နော် အားလုံးမဟုတ်ပေမဲ့ ကိုယ်တို့ရဲ့အမှတ်တရ တချို့ကို မှတ်မိလာစေမှာပါ မင်းကိုယ့်ကိုမမှတ်မိရင်လည်း ကိုယ်အပြစ်မတင်ပါဘူး လန်လန်''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Where stories live. Discover now