အခန်း ၁၉ (အချစ်ကြောင့်အမုန်းဖြစ်)
"ဒါကြောင့်ပဲ ငါသဘောမတူခဲ့တာ ဒီကလေးက သူ့ကိုယ်သူသတ်သေလိမ့်မယ်လို့ ဘယ်ထင်ခဲ့မှာလဲ''
ထိုအခါမှ ဟန်လောရွှယ်၏ လှည့်ကွက်ကို သူမရိပ်စားလိုက်မိသည်။ ဟန်မေရန်ကို အဓ္ဓမကျင့်ကာ သတ်ခိုင်းခဲ့ရုံသာမက သူ၏အဖိုးကိုလည်း ဆယ့်ငါးနှစ်လုံး အပြစ်တင်စိတ်နဲ့အသက်ရှင်စေခဲ့သည်။
"ဒါ ဟန်လောရွှယ်လိမ်တာပဲ ဟန်မေရန်က အသတ်ခံခဲ့ရတာ''
"ကလေးမ မေရန်သေတဲ့အချိန်တုန်းက မင်းက ၃ ၄ နှစ်လောက်ပဲရှိအုံးမယ်ထင်ရတယ် ဒါတွေမင်းဘယ်လိုလုပ်သိတာလဲ မေရန်မသေခင်က တွေ့ခဲ့ဖူးလို့လား''
သူမ ရှင်းမပြချင်သော်လည်း နားလည်နိုင်လောက်အောင်တော့ပြောပြရမည်ဟု ဆုံးဖြတ်ကာ...
"လူကြီးမင်း ယုံတာ မယုံတာ ခဏထားပါ ဟန်မေရန်ရဲ့ဝိညာဥ်က ကျွန်မကိုဆက်သွယ်ခဲ့တယ် သူအကူညီတောင်းလို့လာခဲ့ရတာပါ''
အဖိုးကြီးသည် တုန်တုန်ရီရီနှင့် ရှောင်လန်ကိုမေးလိုက်သည်။
"သူ အခုရော အနားမှာရှိလား''
"ကျွန်မနဲ့အတူရှိပါတယ်... ဟန်မေရန် ရှင့်အဖိုးကိုတစ်ခုခုပြောအုံးမလား''
သူမ၏အကြားအာရုံတွင် ဟန်မေရန်၏ အသံတိတ်ဆိတ်နေခဲ့သည် ထို့နောက်မှ ခပ်တိုးတိုးထွက်ပေါ်လာခဲ့သည်...
"တောင်းပန်ပါတယ် အဖိုး ကျွန်တော် ယောကျ်ားတစ်ယောက်ဖြစ်ပါရဲ့နဲ့ ပျော့ညံ့ခဲ့လို့...အဖိုးရဲ့ အသက် ၆၅နှစ်ပြည့်မွေးနေ့တုန်းက ကျွန်တော်ပေးဖို့စီစဥ်ခဲ့တဲ့ မက်မန်းဝိုင်အိုးကို ကျွန်တော်နေခဲ့တဲ့အဆောင်ရှေ့က ဆီးပန်းပင်အောက်မှာ တူးယူလိုက်ပါ အဖိုးရဲ့ မနက်ဖြန်မှာကျရောက်မဲ့ အသက်၈၀ပြည့်မွေးနေ့အတွက်ပေါ့''
ရှောင်လန်လည်း ဟန်မေရန်ပြောသည့်အတိုင်းပြောပြလိုက်သည်။ ထို့နောက် ဟန်လောရွှယ်၏ လိပ်စာကိုမေး၍ ဟန်အိမ်တော်မှထွက်လာခဲ့သည်။
ဟန်လောရွှယ်သည် နန်းတွင်းစစ်သူကြီးတစ်ဦးနှင့်လက်ထပ်ပြီးနောက် စစ်သူကြီးကတော်ဖြစ်နေခဲ့ကာ သူမ၏အဖိုးဖြစ်သူထံ တစ်ခေါက်မျှ မလာရောက်ခဲ့ပေ။ ဟန်လူကြီးမင်းပေးလိုက်သော လိပ်စာအရ သူမ စစ်သူကြီးအိမ်တော်သို့ရောက်ရှိခဲ့သည်။ သူမ လက်ဖက်ရည် ဆက်ရသော အစေခံမလေးတစ်ဦး၏ပုံစံပြောင်းလိုက်ပြီး အိမ်တော်ထဲသို့ဝင်ခဲ့သည်။ စစ်သူကြီးတွင် သူ၏ဇနီးမှ လွဲ၍ အခြားကိုယ်လုပ်တော်မရှိပေ။ သူမပင်ထိုစစ်သူကြီးကိုကြိတ်၍ချီးကျူးနေမိသည်။ သို့သော်တစ်ဖက်တွင်လည်း ဟန်လောရွှယ်သည် ထိုသို့သစ္စာရှိမှုမျိုးနှင့်မတန် ဟု ခံစားမိသည်။
VOUS LISEZ
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Fiction Historiqueမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...