အခန်း ၁၈ (ဟန်မေရန်)
ရှောင်လန် အလန့်တကြားနောက်ဆုတ်လိုက်မိသည်။ သူမသည် ယခုအချိန်ထိ မည်သည့်ယောကျ်ားနှင့်မျှ နီးနီးကပ်ကပ်မနေဖူးသဖြင့် လက်ရှိအခြေအနေသည် သူမကိုအသက်ရှူကျပ်စေသည်။
"ရှင်...ငွေလိုချင်လို့လား''
ချူဖုန်းက သူ၏ကိုယ်ကို ပုံမှန်အတိုင်းပြန်မတ်လိုက်ပြီး...
"ကိုယ်မလုပ်ရဲပါဘူး...မိစ္ဆာဧကရီဆီက ငွေညစ်ပါတယ်ဆိုပြီး မိစ္ဆာဘုရင်ကအပြစ်တင်ရင် ကိုယ်တကယ်မခံနိုင်ဘူး''
"အဲ့ဒီ မိစ္ဆာဧကရီဆိုတာချည်းကိုထပ်မပြောနဲ့တော့ ကျွန်မစိတ်ရှုပ်ရတယ်''
"ကောင်းပါပြီ တည်းခိုဖို့နဲ့ စားသောက်ဖို့လောက်ပဲ ကူညီရင်ဖြစ်ပါတယ်''
"ဒါ ငွေလိုချင်တာပဲမဟုတ်လား''
"ဒါဆို မင်း ပေးနိုင်လား''
"ဒါပေါ့ ဒီမှာ...ဟင်...ဒါက....''
သူမ အိတ်ကိုဖွင့်လိုက်သောအခါ သူမထင်ထားသလို ငွေများမတွေ့ရဘဲ ရွှေတုံးများသာတွေ့ရသည်....
ချူဖုန်းက သူ၏ပုံစံအတိုင်းပြုံးကာ...
"ကြီးမြတ်လှတဲ့ မိစ္ဆာဘုရင်က သူရဲ့ဧကရီကိုသာမန် ငွေထုပ်လေးဘယ်ပေးပါ့မလဲ...ဒီထဲကရွှေတုံးတစ်တုံးသာ ကိုယ်ယူသွားမယ်ဆိုရင် မိစ္ဆာဧကရီဆီကငွေညစ်တယ်လို့စွပ်စွဲခံရမှာတော့ကြောက်မိပါရဲ့''
"ဒါပေါ့ ကျွန်မကလည်းမပေးပါဘူး သွားစို့ အနီးအနားက ဧည့်ရိပ်သာတစ်ခုခုကို''
သူမနှင့် ချူဖုန်း တည်းခိုခန်းရောက်သောအခါ မိမိအခန်းသို့ အသီးသီးထွက်ခွာသွားကြပြီး အနားယူကြတော့သည်။ အခန်းထဲရောက်သောအခါ ရှောင်မေ ခုတင်ပေါ်လှဲချလိုက်တော့သည်။ ထို့နောက် သူ့ကိုယ်ထဲမှ ဝိညာဥ်များအကြောင်းကိုသတိရလိုက်သဖြင့် အသံပြုလိုက်သည်။
"ဝေ့ မုညန်ချီ အဆင်ပြေတယ်မလား''
"........''
"မုညန်ချီ....အဖိုးကြီး....ရှင်တို့ရှိသေးလား''
ထိုအခါမှ ကြားနေကျ ခပ်သြသြအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ သို့သော် မုညန်ချီ အသံတော့မဟုတ်ပါ။
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...