အခန်း ၂၆(အချစ်ပြိုင်ဘက်လေလား)

1K 104 3
                                    

အခန်း ၂၆(အချစ်ပြိုင်ဘက်လေလား)

ထို့နောက် ချူဖုန်းက အိမ်တော်အနှံ့လိုက်ပြသည်။ မိစၦာဘုရင်၏အိမ်တော်ဖြစ်သဖြင့် နန်းတော်ကဲ့သို့ကျယ်ဝန်းသည်။ နေအလင်းရောင်မရှိသော်လည်း ကောင်းကင်ထက်တွင်ပျံဝဲနေသော ဧရာမပိုးစုန်းကြူးကြီးများကြောင့် လင်းထိန်နေတော့သည်။ ချူဖုန်းက စိတ်ရှည်လက်ရှည်ဖြင့် ပြသပေးသည်။ သူ၏အမူအရာမှာ အလွန်အမင်းကျေနပ်နေသည်မှာ ဆိုဖွယ်ရာမရှိပေ။ ရှောင်လန်အကြိုက်ဆုံးမှာ မက်မုံခြံပင်ဖြစ်သည်။ ထို့နောက် ဆီးပန်းများဖြင့်ဝေဆာနေသော ဥယျာဉ်တော် ဖြစ်သည်။ ထိုဥယျာဉ်တွင်းသို့ဖြတ်သွားစဉ် ရေစီးသံနှင့်အတူ အလင်းရောင်ထွက်နေသော နေရာတစ်ခုကိုတွေ့လိုက်ရသည်။ ရေကြိုက်သော သူမသည် ရေသံကြားသောအခါ အလွန်အမင်းတွေ့ချင်စိတ်ဖြစ်ပေါ်လာသည်။ အလင်းရောင်ထွက်နေသောအရာကိုလည်းသူမသိချင်လာသည်။

"ချူဖုန်း အဲ့ဒါဘာလဲ ရေတံခွန်ရှိတာလား သွားကြည့်လို့ရမလား''

ရှောင်လန်၏အမေးကိုကြားရသောအခါ ချူဖုန်းမျက်နှာတည်သွားသည်။

"ဘာမှမဟုတ်ဘူး အဲ့ဒါကိုစိတ်မဝင်စားနဲ့''

ပုံမှန်အသံဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း သူ့အသံထဲတွင် ခဏကရှိခဲ့သော ပျော်ရွှင်ကြည်နူးမှုတို့ပျောက်ဆုံးနေသည်။ ရှောင်လန်၏ဝေခွဲမရဖြစ်နေသော မျက်နှာကိုကြည့်၍ ချူဖုန်းမျက်နှာတွင်အပြုံးတို့ပြန်လည်ဖြစ်ပေါ်လာသည်။

"လန်လန်က ရေတံခွန်ကြိုက်လို့လား ဟိုဘက်မှာလှတဲ့ရေတံခွန်တစ်ခုရှိတယ် ကိုယ်လိုက်ပြမယ်''

ထို့နောက် ရှောင်လန်၏လက်ကိုဆွဲကာ ထိုနေရာသို့ခေါ်သွားသည်။ ချူဖုန်းပြောသလို တကယ်လှသော ရေတံခွန်ဖြစ်သည်။ တောင်စွန်းအသေးလေးတစ်ခုမှတွဲလောင်းကျနေသော ကျောက်ခက်ပန်းများနှင့် ဝဲပျံနေသော ရောင်စုံလိပ်ပြာလေးများ၊ တစ်သွင်သွင်စီးကျနေသော ရေစီးသံတို့မှာ တကယ့်ကိုအပန်းပြေစေသည်။ရေတံခွန်အောက်ရှိ ရေကန်သည် မြူခိုးများရစ်သိုင်းနေ၍ ရေစိမ်လို့ကောင်းမည်ဟု သူမတွေးမိသည်။ ထိုနေရာလေးကိုငေးမောရင်း ခဏက အလင်းထွက်နေသောနေရာကိုမေ့သွားခဲ့သည်။
သူမအတွေးထဲမျောနေစဉ် ချူဖုန်းက သူမပခုံးကိုကိုင်ကာ...

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Onde histórias criam vida. Descubra agora