အခန်း ၁၁ (ဂုဏ်သရေရှိမမလေး ပြိုလဲခြင်း)
"ကျွီ''
အခန်းတံခါးဖွင့်သံနှင့်အတူ အမျိုးသမီးကြီးတစ်ယောက်အခန်းထဲသို့ဝင်လာသည်။ ထိုအမျိုးသမီးကြီးသည် မှန်တင်ခုံရှေ့တွင်ထိုင်ကာ သူမ၏လက်ဝတ်လက်စားအဆောင်အယောင်များကိုတစ်ခုချင်းချွတ်နေသည်။ ထိုအမျိုးသမီးမှာ ကြာပန်းဂေဟာမှူး မယ်ဟွာ ပင်။
မယ်ဟွာသည် လက်ဝတ်လက်စားများကိုချွတ်ပြီးသောအခါ ယွန်းသေတ္တာလေးထဲသို့ထည့်လိုက်သည်။
ထို့နောက် အဝတ်အစားများကိုလဲလှယ်ကာ ဆံပင်ဖြည်ချ၍အိပ်စက်ရန်ဟန်ပြင်လိုက်စဥ် အပြင်မှ..."သခင်မ သခင်မ''
"ဘယ်သူလဲ''
"အားပေါင်ပါ ''
"ဝင်ခဲ့''
"ဘာကိစ္စလဲ အိပ်ချိန်ကိုမသိဘူးလား''
"ဟို ဟိုမိန်းကလေး သေသွားပါပြီ''
"အဲ့ဒါဘာထူးဆန်းလို့လဲ သေရင်မြုပ်လိုက်ပေါ့ အရေးတကြီးလာပြောနေရသေးတယ်''
"သခင်မ ကျွန်တော်တို့ဒီလိုလုပ်လို့ဖြစ်ပါ့မလား လွန်ခဲ့တဲ့နှစ်ပိုင်းတုန်းကလည်း ဟိုညီအစ်မနှစ်ယောက်...''
"တိတ်စမ်း သူတို့ညံ့လို့သူတို့ခံရတာလေ ဘာတွေစိုးရိမ်နေတာလဲ''
"ဟို သူတို့အပေါ်မတရားရာကျနေသလားလို့ပါ''
"မဆိုင်လိုက်တာ သူများအတွက်ဘာလို့တွေးပေးနေဖို့လိုမလဲ ငါ့အတွက်က ရွှေနဲ့ငွေရှိဖို့ပဲလိုတယ်''
"ဒါပေမဲ့...''
"တိတ်စမ်း ကိုယ့်အလုပ်ကိုယ်လုပ် နင်ကငါ့ကိုဆရာလာလုပ်နေတာလား သွားစမ်း ငါအနားယူတော့မယ်''
အားပေါင်လည်းမတတ်သာတော့သည့်ပုံစံဖြင့်ထွက်လာခဲ့ရတော့သည်။ သူ့မိသားစုအတွက်သာမဟုတ်လျှင် သူဒီအလုပ်ကိုမလုပ်ချင်တော့ပေ။
အားပေါင်ထွက်သွားသောအခါ မယ်ဟွာသည် အနားယူရန် သူမ၏ခုတင်ဆီသို့လှမ်းလာခဲ့သည်။ ထိုအချိန်တွင် လေပြင်းတိုက်ခတ်ကာ သူမအခန်း၏ပြတင်းပေါက်တံခါးမှာ ရုတ်တရက်ပွင့်သွားတော့သည်။
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...