အခန်း ၈ (ကနဦးပညာပေးခြင်း)

1.2K 97 1
                                    

အခန်း ၈ (ကနဦးပညာပေးခြင်း)

ဖူရှောင်မေထွက်သွားသောအခါ ရှောင်မိန် သူမအဖေကိုပူဆာမိသည်...

"အဖေ တရားဝင်ကြင်ယာတော်တဲ့ ဘယ်လောက်ကောင်းလဲ အဲ့ဒီဖူရှောင်မေ သမီးအတွက် စဥ်းစားပေးမယ်မှန်းမသိခဲ့ဘူး''

ဖူအမတ်ကြီး သူ၏ မသိနားမလည်တဲ့ သမီးငယ်ကိုကြည့်၍ သက်ပြင်းချမိသည်...

"မိန်အာ  နင် သူ့အကြံကိုနည်းနည်းမှမရိပ်မိဘူးလား သူနင့်ကို မိန်အာလို့တောင်ခေါ်သွားတယ်လေ  ဒါက မသိမသာနဲ့နင့်ကိုနှိမ်ချလိုက်တာပဲ ပြီးတော့ သူနင့်ကို တကယ်ပဲ ကြင်ယာတော်ဖြစ်စေလိမ့်မယ်လို့ထင်လား''

"အဖေ ကလည်း သူမ​ရွေးရင်တောင် ရေခဲမင်းသားကို သမီးဖက်ပါအောင် ကြိုးစားမှာပါ  အဲ့ဒီကျမှ  ဖူရှောင်မေရဲ့မျက်နှာကို ကြည့်ပြီး ပညာပေးပစ်လိုက်မယ်''

ဖူအမတ်ကြီး မရင့်ကျတ်သေးသော သမီးဖြစ်သူကိုကြည့်၍ ခေါင်းခါလိုက်မိသည်...

´°•°´°•°´°•°´°•°´°•°´°•°´°•°´°•°´°•°´°•°´°•°´°•°´

ကိုယ်လုပ်တော်ရွေးပွဲနေ့...

ဖူမိန်လည်း အလှဆုံးပြင်ဆင်၍ ဝေါယာဥ်တော်ဖြင့် ရေခဲအိမ်တော်သို့ ထွက်ခဲ့သည်...
ရေခဲအိမ်တော်သည်  မင်းသားအိမ်တော်တစ်ခုဖြစ်သောကြောင့် နန်းတော်တမျှကျယ်ဝန်းသည်။  သူမရောက်သောအခါ ရင်​ပြင်တော်တွင် အိမ်တော်အသီးသီးမှ  သမီးကညာများရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။ များပြားလှသော ရောင်စုံလိပ်ပြာကလေးများကြားထဲတွင် ဖူမိန် သိမ်ငယ်သလိုခံစားရသည်...

သို့သော်လည်း ငါ့ညီမက မိဖုရားပဲဟူသော စိတ်ဖြင့် သူမအရွေးမခံရမှာကို စိတ်မပူမိတော့...

"ဖူ မိဖုရား ကြွရောက်လာပါပြီ'' ဆိုသောအသံကြားသည်နှင့်  ဆူညံနေသော  မိန်းမပျိုလေးများ  ရုုတ်ချည်းတိတ်ဆိတ်သွားကာ ဦးညွှတ်၍  အရိုအသေပေးလိုက်ကြသည်။  ဖူမိဖုရားသည်  အိမ်​ရှေ့စံ၏ အချစ်ဆုံး မိဖုရားဟု နာမည်ကြီးနေသည်မဟုတ်ပါလော...

"ထပါ''

" မိန်းကလေးတို့ထဲက အလှဆုံး အယောက်၃၀ကို အရင်ရွေးမှာဖြစ်ပါတယ်  မိဖုရားကြည့်နိုင်အောင်  အားလုံးခေါင်းမော့ပေးကြပါ''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Where stories live. Discover now