အခန်း ၁ (မိန်းမပျိုလေးနှစ်ဦး)
"ရှောင်လန် ရှောင်လန် မပြီးသေးဘူးလား နောက်ကျတော့မယ်"
"အိုက်ယား ရှောင်မေ အသံပြဲကြီးနဲ့အော်မနေနဲ့ ငါပြီးပါပြီ နင့်ကိုစောင့်ရင်းခေါင်းဖြီးနေတာပါ"
"အသံပြဲနဲ့အော်တာမဟုတ်ဘူး နောက်ကျရင် နင့်ရဲ့ ရေခဲမင်းသားလေးကိုမတွေ့ရမှာစိုးလို့ စေတနာနဲ့ခေါ်တာကို ဟွန့်"
ရှောင်မေ ဆိုသောမိန်းမပျိုလေးသည် စိတ်ကောက်ဟန်ဖြင်.သူမ၏ပန်းသွေးရောင်နှုတ်ခမ်းနုလေးကို စူကာ တစ်ဖက်သို့လှည့်သွားလေသည် ထိုအခါ ရှောင်မေ သည်မနေသာတော့သဖြင့််....
"ရှောင်မေ စိတ်မကောက်ပါနဲ့ဟာ သွားကြမယ် တော်ကြာ ငါ့ရဲ့ရေခဲမင်းသားလေးတင်မဟုတ်ဘူးနော် နင့်ရဲ့ကျောက်စိမ်းမင်းသားလေးကိုပါ မတွေ့ရဘဲနေလိမ့်မယ်"
"အေးပါ သွားကြစို့"
ရှောင်မေ ၏ နာမည်အရင်းမှာ ဖူရှောင်မေ ဖြစ်၍ နန်းတွင်းအမတ်ကြီး ဖူလုံ ၏ ငါးယောက်မြောက်ကိုယ်လုပ်တော်မှ မွေးဖွားသော သမီးတစ်ဦးဖြစ်သည်။
လူချမ်းသာတို့၏ထုံးစံအတိုင်း ကိုယ်လုပ်တော်များစွာရှိ၍သားသမီးများစွာလည်းရှိလေသည်။ ဖူရှောင်မေ သည် ကိုယ်လုပ်တော် သမီး ဖြစ်သည့်အားလျော်စွာ ဖူသခင်မကြီး၏သမီးများ ဖြစ်ကြသော ဖူရွယ် နှင့် ဖူမိန် တို့၏ အနိုင်ကျင့်ခံကလေးဖြစ်ခဲ့လေသည်။
သူမ အသက် ၁၀နှစ်တွင် သူမ၏ အဖေတူအမေကွဲ အစ်မနှစ်ဦးကြောင့် ချောက်ထဲကျကာသေမလိုဖြစ်သည့်အချိန်တွင် ရှောင်လန်နှင့် သူမ၏မိခင်တို့ ထင်းရှာလာရင်းမှ တွေ့ကာ ကယ်တင်ခဲ့ခြင်းကြောင့် အသက်ရှင်ခဲ့ရခြင်းဖြစ်သည် ထိုအချိန်မှစ၍ ရှောင်လန်သည် သူမ၏သူငယ်ချင်းဖြစ်၍ ရှောင်လန်၏မိသားစုသည် သူမ၏မိသားစုဟုခံယူထားခဲ့တော့သည်။သူမ မိဘများဆီမှမရရှိနိုင်သော ချစ်ခြင်းမေတ္တာများကိုလည်း ရှောင်လန်တို့မိသားစုဆီမှရရှိခဲ့သည်။
ESTÁS LEYENDO
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Ficción históricaမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...