အခန်း ၂၃(ဒေါသအိုးလေး အကြောက်လွန်၍သတိမေ့သွားခြင်း)

1K 113 6
                                    

အခန်း ၂၃(ဒေါသအိုးလေး အကြောက်လွန်၍သတိမေ့သွားခြင်း)

ရှောင်လန် မိုးကြိုးတောင်ပေါ်သို့တက်လာခဲ့စဥ်က နေ့လည် နေကျဲကျဲတောက် ပူနေချိန်ဖြစ်သည်။သို့သော် သူမတောင်ပေါ်သို့စတက်သည်နှင့် ရာသီဥတုက ဆိုးရွားလာခဲ့သည်။ ကြည်လင်နေသောကောင်းကင်သည် ရုတ်တရက်အုံ့မှိုင်းလာပြီး လေပြင်းများတိုက်ခတ်လာသည်။ တစ်ခါတစ်ရံ မိုးခြိမ်းသံပင် ကြားရသေးသည်။(သာသာတော့ အဲ့လိုရာသီဥတုမျိုးဆိုအသေကြိုက်😌)

တောင်တစ်ခုလုံးရှိ သစ်ပင်များကလည်း လေပြင်းကြောင့်ယိမ်းထိုးနေသည်။ ရုတ်တရက် ရာသီဥတုဆိုးရွားလာခြင်းမှာပုံမှန်မဟုတ်ဟု ခံစားမိသည်။ ထို့အပြင် ဤတောထဲတွင် မိစ္ဆာ ဝိညာဥ်အငွေ့အသက်များစွာရရှိနေသည်။ တောင်ထိပ်ပိုင်းနှင့် နီးလာလေလေ ငိုညည်းသံကဲ့သို့ ခြောက်ခြားစရာအသံများကို ကြားရလေလေပင်။ ရှောင်လန်သည် မိစ္ဆာဧကရီပင် ဖြစ်လင့်ကစား မိန်းမငယ်လေးတစ်ဦးပင်ဖြစ်သောကြောင့် အနည်းငယ်ထိတ်လန့်နေသည်မှာအမှန်ပင်။ ခပ်လှမ်းလှမ်းတွင် လူပုံသဏ္ဍာန်အရာများကိုမြင်တွေ့ရသောကြောင့် သူမအနားသို့ပိုတိုးသွားလိုက်သည်။

သို့သော် အနီးကပ်ရောက်လာမှ သူမမှားမှန်းသိလိုက်ရသည်။ ရပ်နေသော အုပ်စုမှာ သက်ရှိလူသားများမဟုတ်ဘဲ ပုံပျက်ပန်းပျက် တစ္ဆေများဖြစ်နေသည်။ အုံ့မှိုင်းကာ လေပြင်းတိုက်ခတ်နေသောရာသီဥတုတွင် လေနှင့်အတူ ယိမ်းထိုးနေသော ကြောက်စရာ တစ္ဆေအုပ်စုကိုမြင်တွေ့လိုက်ရသောအခါ ရှောင်လန် ကြက်သီးတဖျန်းဖျန်းထလာခဲ့သည်။ ယခုချက်ချင်းပင် ထိုနေရာမှ လှည့်ပြေးချင်စိတ်ပေါက်လာသည်။

သို့သော် သူမစိတ်ကိုတင်းကာ စကားစပြောလိုက်သည်။

"ငါက...နျူရှန်ရဲ့...မှာကြားချက်အရ သူ့အရိုးပြာကို တောင်ခြေမှာကြဲပေးဖို့ အရိုးအိုးလာယူတာပဲ...နျူရှန်ရဲ့ခင်ပွန်း...ငါ့ကိုကူညီပါ...မနှောင့်ယှက်ပါနဲ့''

အားတင်းကာပြောလိုက်သော်လည်း ကြောက်လန့်နေသည့်အရှိန်ကြောင့် အသံများတုန်ယင်နေမည်မှာမလွဲပေ...

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora