အပိုင်း ၃၂(အတိတ်မှတ်ဉာဏ်ကိုသိချင်တယ်)
"တောက်''
မျက်လုံးထဲသို့ ရေစက်ကလေးကျသွားသည်နှင့် သူမ၏မြင်ကွင်းထဲသို့ ပြကွက်တချို့ပေါ်ပေါက်လာတော့သည်။
"မေွးစားသမီး အသုံးမကျတဲ့မွေးစားသမီး''
"နင့်လိုကောင်မ ကများ သုံးလောကမှာ အလှဆုံးတဲ့လား''
"ကိုယ့်နာမည် လုံရန့်ပါ''
"နဂါး မင်းသားလေး''
"လန်လန် ကိုယ့်ကိုလက်ထပ်မလား''
"သေစမ်း မိန်းမယုတ်''
"အား....မလုပ်ပါနဲ့....''
"လန်လန်.......''
"အား....''
သူမ၏မျက်လုံးထဲတွင်ပေါ်လာသော အဖြစ်အပျက်တချို့ကြောင့် သူမ အော်ဟစ်လိုက်မိသည်။
"ဒါတွေက ဘာတွေလဲ နဂါးမင်းသားလေး?? မွေးစားသမီး?? သုံးလောကရဲ့အလှဆုံး?? အား...ငါဘာတွေမြင်ခဲ့တာလဲ''
သေချာတာ တစ်ခုမှာ ထိုမြင်ကွင်းထဲမှ နဂါးမင်းသားလေးလုံရန့် ဆိုသူသည် သူမအား ကယ်တင်ကာ ထိုရေစက်ကလေးအားပေးသွားခဲ့သူဖြစ်သည်။ လန်လန်ဆိုသော မိန်းကလေးမှာ သုံးလောကတွင်အလှဆုံးဟူသော ဂုဏ်ပုဒ်နှင့်ညီစွာ အပြစ်မရှိ လှပလေသည်။ ထို လန်လန်သည် သူမကိုယ်တိုင်ဖြစ်နေသည်ဟု ခံစားရသည်။ သို့သော် ရုပ်ရည်မှာ အတိုင်းအဆမရှိကွာခြားလွန်းလှသည်။ သူမ၏ရုပ်ရည်သည် ထိုလန်လန်ဟူသော မိန်းကလေး၏ ခြေဖျားကိုပင်မှီလိမ့်မည်မဟုတ်ပါ။
သို့သော် သူမအားကယ်တင်ခဲ့သူသည်လည်း သူမကို လန်လန် ဟု ခေါ်ခဲ့သည်။ရှုပ်ထွေးလှသော အရာများကို မေ့ပျောက်စေရန် သူမ အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။
အလင်း စူးစူးတစ်ခု...
အဖြူရောင်ပုံရိပ်...
နတ်အငွေ့အသက်..."လန်လန်''
သူမ မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်သည်။
"ရှင်က အဲ့ဒီလူပဲ နဂါးမင်းသား လုံရန်''
ထိုသူသည် ကြည်လင်သောအသံဖြင့် နှုတ်ခွန်းဆက်ရင်း သူမအနားသို့တဖြေးဖြေးတိုးကပ်လာခဲ့သည်။
![](https://img.wattpad.com/cover/201417734-288-k308675.jpg)
BẠN ĐANG ĐỌC
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Tiểu thuyết Lịch sửမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...