အခန်း ၂၁ (နျူရှန်-၁)
"အဖိုးကြီး ရှင်တို့ရှိသေးလား ဒီတစ်ခါဘယ်သူ့အလှည့်လဲ''
သူမကိုယ်ထဲရှိ ဓာတ်လုံးမှ အသံသဲ့သဲ့ထွက်ပေါ်လာသည်။
"ကျွန်မအလှည့်ပါ မိစ္ဆာဧကရီ''
"မိန်းမလား...နင့်ရဲ့ဇာတ်လမ်းကိုပြောပြတော့''
"ဟုတ်ကဲ့''
ထိုမိန်းကလေး၏အသံမှာ ဝါဂွမ်းစအား ထိကိုင်နေရသည့်နှယ် နူးညံ့ညင်သာလှသည်။ ထိုမိန်းကလေးသည် သူမ၏ဇာတ်ကြောင်းအားစတင်ပြောပြလေသည်...
နျူရှန်...
အသက် ၁၇နှစ်
သူမ၏အမည်နှင့်လိုက်ဖက်ညီစွာ နတ်သမီးတမျှ လှပသော မိန်းကလေးတစ်ဦး...
(နျူရှန်=နတ်သမီး)(Pipaတီးနေတဲ့ပုံလေးတွေတွေ့ပေမဲ့ ကိုယ့်စိတ်ကူးထဲက နျူရှန်လေးနဲ့တူတဲ့သူမတွေ့လို့ တူတာလေးပဲ ထည့်ပေးထားတယ်😁)
ထိုလှပသောမိန်းမငယ်လေးသည် 'နွေဦးနန်းတော်' ဟူသော စားသောက်ဆိုင်တွင် pipa(ရှေးခေတ် တရုတ်ရိုးရာ တယော)တီးခတ်ခြင်းဖြင့် နာမည်အကြီးဆုံး အပျော်မယ်လေးတစ်ဦးဖြစ်သည်။နှင်းဆီသား pipaသည် သူမ၏ကိုယ်ပိုင်အမှတ်အသားဖြစ်သည်။
Rosewood Pipa
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...