အခန်း ၅ (လွန်​ဆန်​မရ​တဲ့ကံကြမ္မာ)

1.3K 113 2
                                    

အခန်​း ၅ (လွန်​ဆန်​မရတဲ့ကံကြမ္မာ)

"ညက ​ကျောက်​စိမ်​းမင်​းသား နဲ့ အိပ်​တဲ့က​လေးမ​လေ ​သေသွားပြီတဲ့"

"ဟင်​ တကယ်​လား"

"ဟုတ်​တယ်​ သူကအခုမှ ၁၃နှစ်​ပဲရှိ​သေးတာ​လေ ​​ကျောက်​စိမ်​းမင်​းသားက ငြင်​သာတတ်​တဲ့သူမှမဟုတ်​တာ သူ့ကံတရား​ပေါ့ ဒါ​ပေမဲ့ မယ်​ဟွာက အမိန်​့ထုတ်​ထားတယ်​ ဒီသတင်​းအပြင်​ကိုပျံ့လို့မရဘူးတဲ့ အပြင်​လူသိသွားရင်​ ​ခေါင်​းပြုတ်​ပြီပဲ"

သူမ...
ခန္ဓာကိုယ်​သည်​ တစ်​ညလုံးအနှိပ်​စက်​ခံထားရသဖြင်​့ လှုပ်​ပင်​မလှုပ်​နိုင်​​ပေ...
ယခုသူမ​ရောက်​ရှိ​နေ​သော​နေရာသည်​ ကြာပန်​း​ဂေဟာရှိ ထင်​းသို​လှောင်​ခန်​းဖြစ်​သည်​။ ကြမ်​းပြင်​တွင်​​ကောက်​ရိုးများခင်​းထားကာ တံခါးပိတ်​ထား​သော​ကြောင်​့ အပြင်​မှ​သော့ခတ်​ထားဟန်​တူသည်​...
သို့​သော်​ အပြင်​မှအသံများကို​တော့​ကောင်​းစွာကြားရ​သေးသည်​...
အ​ပျော်​မယ်​​လေးများ​ပြော​သော သတင်​းစကားသည်​ သူမအတွက်​မူ ငှက်​ဆိုးထိုးသံကဲ့သို့ပင်​။ တစ်​​နေ့ကမှ ​ပျော်​ရွှင်​စွာခုန်​​ပေါက်​​ကစား​နေ​သော သူမ၏ညီမ​လေး​ရှောင်​ရင်​း အသက်​မရှိ​တော့ပြီ။သူမပင်​လျှင်​ ရင်​ကွဲမတတ်​ခံစား​နေရလျှင်​ သူမ၏မိခင်​သာ သိသွားပါက ရူးသွပ်​မတတ်​ဖြစ်​သွားနိုင်​သည်​။ ထို့အပြင်​ အိပ်​ယာထဲလဲ​နေ​သော သူမ၏ဖခင်​...

ဤသို့ဖြစ်​ရသည်​မှာ ​ကျောက်​စိမ်​းမင်​းသား ဟူ​သော လူ့တိရိစာၦန်​​ကြောင်​့ပင်​။ သူ၏အမိန်​့အရ သူမသည်​တစ်​ညလုံးနှိပ်​စက်​ခံထားရ​သေးသည်​။ ​ရှောင်​​မေ...​ရှောင်​​မေ​ရော...

သူမနာကျင်​​နေသည်​့ကြားမှ ရှိသမျှအားအကုန်​ထုတ်​သုံး၍ တံခါးဆီသို့တရွတ်​တိုက်​သွားလိုက်​ကာ တံခါးအား သူမ၏​ပျော့​ခွေ​နေ​သော လက်​တို့ဖြင်​့ ထုရိုက်​ကာ နှုတ်​မှလည်​း ​အကူအညီ​တောင်​း​နေမိသည်​...

"ဟဲ့ အဲ့ဒါ ဟို အသစ်​က​လေးမလား ​ကျောက်​စိမ်​းမင်​းသားကိုပန်​းအိုးနဲ့ရိုက်​တဲ့တစ်​​ယောက်​​လေ"

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin