အခန်း ၁၂ (သံသရာတစ်ပတ်လည်)

1.1K 129 13
                                    

အခန်း ၁၂ (သံသရာတစ်ပတ်လည်)

"အရှင့်သား ဘာကြောင့်အမှန်တိုင်းမပြောလိုက်တာလဲ''

"သူ့လိုမိန်းမကို ရှင်းပြနေစရာလိုလို့လား''

ရှန်းဝူ၏ စကားအဆုံးတွင် သုန်သုန်နှုတ်ပိတ်သွားရတော့သည်။

"ဝုန်း...''

ထိုစဥ်အပြင်မှ ဆူဆူညံညံအသံများကိုကြားလိုက်ရသဖြင့် သုန်သုန်အပြင်သို့ပြေးထွက်ကြည့်လိုက်သည်။ တွေ့လိုက်ရသောမြင်ကွင်းကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။ သူမမြင်လိုက်ရသည်မှာ ရှန်းဝူအခန်းရှေ့တွင်ရှိသော အစောင့်များနှင့်အစေခံများ တစ်ယောက်မကျန်လဲကျနေခြင်းပင်။ သူမနှင့်အနီးဆုံးတွင်ရှိသော အစေခံမိန်းကလေးတစ်ယောက်၏လည်ပင်းကို သူမ၏လက်ဖြင့်သွေးခုန်နှုန်းစမ်းကြည့်ရာ အသက်မရှိတော့ပြီကိုတွေ့ရသည်။ ထိုအစေခံ၏တစ်ကိုယ်လုံးကိုလှန်လှောကြည့်ရာတွင် သေလောက်သည့် ဒဏ်ရာမတွေ့ပေ။ လဲကျသောကြောင့်ထိခိုက်မိသည့် ပွန်းပဲ့ရာမျှပင်တွေ့ရလေသည်။

ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ စူးရဲသောမျက်ဝန်းအစုံက ပတ်ဝန်းကျင်ရှိ ရန်သူကိုရှာဖွေလျက်...

ထိုစဥ် လှစ်ခနဲဖြတ်ပြေးသွားသောအနီရောင်အလင်းတန်းတစ်ခုကို သူမ၏မျက်ဝန်းထောင့်မှတွေ့လိုက်ရသဖြင့် သတိရှိစွာ ဓားကို ဝှေ့ယမ်းလိုက်သည်။ သို့သော် သူမခြေတစ်လှမ်းနောက်ကျသွားသည်။

"အ...''

အခန်းထဲတွင်ရှိသော ရှန်းဝူသည် တိတ်ဆိတ်သွားသောပတ်ဝန်းကျင်ကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်သွားသည်။ သူသွားကြည့်မည်အပြုတွင် အခန်းတံခါးပွင့်လာကာ သုန်သုန်ဝင်လာသည်။

...သုန်သုန်ပုံစံက တစ်ခုခုမှားနေသလိုပဲ...

"သုန်သုန် အပြင်မှာဘာဖြစ်နေတာလဲ''

သုန်သုန်မှာမည်သည့်စကားမျှပြန်မပြောပါ။ သူမ၏မျက်ဝန်းများကလည်း ကျောက်ရုပ်တစ်ရုပ်နှယ် တည်ငြိမ်လှသည်။ သိပ်မကြာခင်မှာပင် ဖူရွယ်လည်းအခန်းထဲသို့ဝင်လာသည်။ သူမ၏ပုံစံမှာလည်း သုန်သုန် နည်းတူပင်။

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora