အခန်း ၂၄(ထပ်အိပ်အုံးမှာလား...ရှင်မ❤)

1.1K 107 7
                                    

အခန်း ၂၄(ထပ်အိပ်အုံးမှာလား...ရှင်မ❤)

ရှောင်လန်နိုးလာသောအခါ သက်တောင့်သက်သာရှိနေပြီး နွေးထွေးမှုကိုခံစားနေရသည်။ မျက်လုံးဖွင့်လိုက်သောအခါ သူမမသိသောအခန်းထဲတွင်ရှိနေသည်။ သူမခြုံထားသော စောင် ၊ခေါင်းအုံး နှင့်အိပ်ယာ တို့မှာ အကောင်းစားများဖြစ်ဟန်တူသည်။ နူးညံ့နွေးထွေးလှသော အိပ်ယာမှ မထချင်လောက်အောင်ပင်။

ထို့နောက် သူမ၏ခုတင်ဘေးသို့အကြည့်ရောက်သွားသောအခါ  ခုတင်ကိုလက်ထောက်လျက် မှေးစက်နေသော ချူဖုန်းကိုတွေ့ရသည်။ ထို့နောက် သူမ၏ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်သည်။ ဟို အရူးသရဲမ မျက်နှာကြီးပေါ်လာသဖြင့် သူမအကြောက်လွန်ကာ မေ့လဲမသွားခင် ချူဖုန်း၏ အသံကိုနောက်ဆုံးကြားလိုက်ရသည်။

...ငါထင်တာမမှားဘူးဆိုရင် သူ့ကိုယ်သူ မိစ္ဆာဘုရင်လို့ပြောလိုက်တာလား ၊ 😳ဒါဆို ချူဖုန်းက မိစ္ဆာဘုရင်ပေါ့...

သူမ အစထဲကရိပ်မိသင့်သည် ၊ ချူဖုန်း၏နှုတ်က မိစ္ဆာဘုရင်ကို ကြောက်လန့်ပါကြောင်း အမြဲပြောသော်လည်း ထိတ်လန့်မှုကင်းမဲ့နေသော မျက်နှာ ၊ သူမအား မိစ္ဆာဧကရီ ဟု ပြောတိုင်း ကျေနပ်နေသောသူ့မျက်ဝန်းများ...

ချူဖုန်းအား သူမ သေချာကြည့်လိုက်မိသည်။ ပြောစရာမလိုအောင် အပြစ်ကင်း ချောမောနေသော သူသည် အိပ်ပျော်နေချိန်မှာတောင် ခန့်ညားမှုက ယုတ်လျော့မသွားပေ။ ရုတ်တရက် ချူဖုန်း၏မျက်လုံးအိမ် လှုပ်ရှားသွားသည်။ ချူဖုန်း မိစ္ဆာဘုရင်ဖြစ်ကြောင်း သိသွားသိသူမ အနေဖြင့် အရင်လို ပုံမှန်အတိုင်းနှုတ်ဆက်ဖို့ ခက်ခဲသည်။ ထို အစား မည်သို့နှုတ်ဆက်ရမည်ကို တွေးနေမိသည်။

...နိဟောင် ချူဖုန်း နင်က ငါ့ယောကျ်ားပေါ့...မဟုတ်သေးပါဘူး
...မိစ္ဆာဘုရင်ကိုဂါရဝပြုပါတယ်...ဒါကျတော့ ပိုသွားပြီ
...အိုက်ယား ချူဖုန်းပါလား ငါဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ...ကောင်းတယ်...ဒီလိုပြောရမယ်...

ရုတ်တရက် ချူဖုန်း၏မျက်လုံးအိမ် လှုပ်ရှားသွားသည်။ ချူဖုန်းနိုးလာတော့မည်ဖြစ်သဖြင့် ရှောင်လန် မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ မျက်စိလျင်သော ချူဖုန်းက မြင်ဖြစ်အောင်မြင်သွားသည်။ ရှောင်လန်၏ချစ်စဖွယ်အမူအရာကြောင့် ချူဖုန်း၏နှုတ်ခမ်းထက်တွင် အပြုံးပန်းပွင့်သွားသည်။

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora