အပိုင်း ၃၅ (ဘယ်သူ့ကိုမှမမြူဆွယ်ရဘူး ကိုယ်ကလွဲရင်)
"ချင်သခင်လေးစိတ်မဆိုးဘူးဆိုရင် ဒီဟင်းပွဲအတွက် ကျွန်မရှင်းပေးပါရစေ''
ချိုသာသောအသံနှင့်အတူ ထိုလူစုအနီးသို့ချဥ်းကပ်လာသောမိန်းမပျိုလေး၊ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသောမိန်းမပျိုလေးသည် လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လှမ်းလာသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဝတ်ရုံအောက်နားမှ အပါးစကလေးလှုပ်လှုပ်သွားသည်ကလည်း ပန်းပွင့်လေးများယိမ်းကနေသည့်နှယ်...
ချင်သခင်လေးသည် မျက်လုံးများပေါက်ထွက်မတက်ကြည့်ကာ သရေတမြားမြားကျနေတော့သည်။"အာ....အဟဲ...ဒီလောက်ကတော့ ဒီသခင်လေးကရှင်းနိုင်တာပေါ့ မိန်းမလှလေးရှင်းပေးဖို့မလိုပါဘူး အားရိ ရှင်းလိုက်စမ်း''
"ဗျာ...သခင်လေး...အဲ့ဒါ...''
"လျှာမရှည်နဲ့ရှင်းဆိုရှင်း''
ချင်သခင်လေးသည် သူ၏နောက်လိုက်တစ်ယောက်ကိုမာန်မဲလိုက်ပြီး မိန်းမပျိုလေးအား မျက်နှာချိုသွေးနေသည်။ စိတ်ထဲမှလည်း....
...ငါ့ကံဇာတာက ပွင့်လန်းနေတုန်းပဲကို ဟဟ...
"မိန်းကလေး မိတ်ဖြစ်ဆွေဖြစ် တခြားတစ်ဆိုင်ကိုသွားရအောင် ဒီသခင်လေးရှင်းမှာပါ''
မိန်းမပျိုလေးသည် နူးညံ့ပျော့ပျောင်းစွာပြုံး၍ ခေါင်းခါလိုက်သည်။
"အားနာလိုက်တာ ကျွန်မဒီနေ့အရေးတကြီးသွားစရာရှိနေတယ် သခင်လေးစိတ်မဆိုးရင်မနက်ဖြန်မှ တွေ့ကြရအောင်လေ...ရှောင်လန်''
မိန်းမပျိုလေးသည် သူမ၏နောက်လိုက်ဖြစ်သောရုပ်ဆိုးဆိုးမိန်းကလေးအားခေါ်လိုက်သည်။ ထိုမိန်းကလေးက အလိုက်သိစွာဖြင့် အဖြူရောင်ပိုးပဝါစကို ထုတ်ပေးသည်။ ထိုပဝါစအားယူကာ ချင်သခင်လေးကိုပေးလိုက်သည်။
ESTÁS LEYENDO
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Ficción históricaမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...