အပိုင်း ၃၈(ကိုယ့်အားကိုယ်ကိုး)

870 87 3
                                    

အပိုင်း ၃၈(ကိုယ့်အားကိုယ်ကိုး)

လန်ဟိုင်(ပင်လယ်ပြာ)မြို့
🌊🌊🌊🌊🌊🌊🌊🌊🌊

မို အိမ်တော်...

"ကြွပါ အရှင် ကြွပါ အရှင့်နဲ့မိတ်ဆွေတွေအတွက် သီးသန့်အဆောင်ပြင်ထားပါတယ်''

"အင်း လန်လန် သွားရအောင်''

ရှောင်လန်တို့လူစု မင်စစ်၏ အငြိုးကိုဖြည့်ဆည်းရန်အတွက် လန်ဟိုင်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ လန်ဟိုင်မြို့သည် အထင်ကရမြို့ကြီးဖြစ်နေသောကြောင့် အတော်အတန်ကျယ်ဝန်းသည်။ ထို့ကြောင့် သူမတို့စုံစမ်းရမည့်ဧရိယာ အတော်ကျယ်ဝန်းသည်။ ရှောင်လန်အနည်းငယ်ပင်စိတ်ပျက်သွားမိသည်။ သို့သော်လည်း သူမတို့ တည်းခိုနေထိုင်စရာအတွက် မိုလူကြီးမင်းက အစစအရာရာတာဝန်ယူထားသည်။ ထူလူကြီးမင်းသည် ချူဖုန်း၏ အသိမိတ်ဆွေဖြစ်သည်။ အမှောင်မိစ္ဆာသခင် ချူဖုန်း သည် လူသားမိတ်ဆွေရှိနေခြင်းကို ထူးဆန်းနေသောကြောင့် ချူဖုန်းအား သူမမေးမြန်းကြည့်ရာ...

"လောဘကြီးတဲ့ လူသားတွေက မိစ္ဆာဘုရင်ကိုကိုးကွယ်ကြတယ် သူလဲ ဒီသဘောပါပဲ ဒါပေမဲ့ ကိုယ့်ကို မြင်ဖူးတဲ့ ကိုးကွယ်သူ ရှားတယ် သူက ဒီထဲကတစ်ယောက်ပါပဲ''

မိုလူကြီးမင်း ၏ ပုံစံကို သူမသိပ်သဘောမတွေ့သော်လည်း မိုလူကြီးမင်းသည် အလွန် ဧည့်ဝဋ်ကြေပေသည်။ နောက်ရက်မှ မင်စစ်အကြောင်း တီးခေါက်ကြည့်ရမည်။

"လန်လန် ဒီကိစ္စ စုံစမ်းဖို့ မိုထန်းလန် ကိုတာဝန်ပေးလိုက်ရမလား''

ချူဖုန်း၏စကားကို သူမဆင်ခြင်ကြည့်လိုက်သောအခါ သင့်တော်သည်ဟုထင်သည်။ မိုလူကြီးမင်းသည် နယ်ခံဖြစ်သည့်အပြင်လက်တံရှည်သည်။ လူအား ငွေအား စိုက်ထုတ်နိုင်သည်။

"မိုလူကြီးမင်း ကျွန်မတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ''

"အရှင်မ ရယ် အကူအညီလို့မပြောပါနဲ့ အရှင်မ ခိုင်းချင်တာရှိရင် ကျုပ် တာဝန်ကျေအောင်လုပ်မှာပါ''

"ဟုတ်ကဲ့ ဒီမြို့မှာ အမျိုးသားပြည့်တန်ဆာခန်းတွေ ရှိလား''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Où les histoires vivent. Découvrez maintenant