အခန်း ၁၇ (မင်းကိုယ့်ကိုတာဝန်ယူရမယ်)

1.1K 110 1
                                    

အခန်း ၁၇ (မင်းကိုယ့်ကိုတာဝန်ယူရမယ်)

ချူဖုန်းက သူ၏ယပ်တောင်ကို ဖြန့်ကာ ဟန်ပါပါယပ်လိုက်ပြီး...

"ကောင်းကင်ဘုံကို မိုးနတ်မင်းအုပ်ချုပ်တယ် ၊ ငရဲကို ယမမင်းအုပ်ချုပ်တယ် ၊ ကောင်းကင်နဲ့ငရဲကြားက မြေကမ္ဘာမှာလျှို့ဝှက်စွာတည်ရှိနေတဲ့ အမှောင်တိုင်းပြည်ကို မိစ္ဆာဘုရင်အုပ်ချုပ်တယ်''

"ဒါဆို မိစ္ဆာဘုရင်က အမှောင်တိုင်းပြည်မှာနေတာပေါ့...သူက မိစ္ဆာတွေကိုအုပ်ချုပ်ရတာလား သူ့ကို မိုးနတ်မင်းကတာဝန်ပေးထားတာလား''

"အုပ်ချုပ်ရတယ်ဆိုတာထက် မိစ္ဆာတွေက သူ့ကိုကြောက်လို့ သူ့လက်အောက်မှာနေတယ်လို့ပြောရင်ပိုမှန်မယ်...ဘယ်သူမှ သူ့ကိုရာထူးခန့်အပ်ထားတာမဟုတ်ဘူး...သူ့ပိုင်နက်နဲ့သူပဲ''

"သြော်''

သူမ ခပ်တွေတွေပြောလိုက်သည်။ ထိုသူကိုလည်း အနည်းငယ်အထင်ကြီးမိသွားသည်။

"ရှင်က ဒါတွေဘယ်လိုလုပ်သိတာလည်း''

ချူဖုန်းက ဖြန့်ထားသော ယပ်တောင်ကို ခေါက်လိုက်ကာ သူမကိုတစ်ချက်ကြည့်၍...

".မှော်ကျင့်စဥ်ကိုလေ့လာနေတဲ့ သူတစ်ယောက်အနေနဲ့ သိထားသင့်တဲ့အရာပဲလေ''

ရှောင်လန် ပါးစပ်ပိတ်သွားသည်။ သူပြောတာဟုတ်နေသည်လေ။ မိစ္ဆာဘုရင်အကြောင်းကိုအလွန်သိချင်နေသဖြင့် ဆက်တိုက်မေးနေမိသည်....

"ဒါဆို မိစ္ဆာဘုရင်က အမှောင်တိုင်းပြည်ရဲ့ ဧကရာဇ်ပေါ့နော်...ဟို...သူ့မှာ မိဖုရားတွေ သားတော်တွေလည်းရှိမှာပေါ့''

ချူဖုန်းက ပြုံးကာ ခေါင်းတစ်ချက်ယမ်းလိုက်သည်...

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မိစ္ဆာဘုရင်မှာ ချစ်ရတဲ့သူတစ်ယောက်ရှိခဲ့ဖူးတယ် အဲ့ဒီမိန်းကလေးမရှိတော့တဲ့နောက် သူက တစ်ကိုယ်ထဲသမားအဖြစ်ပဲနေခဲ့တာ''

"သြော်''

...ဒါဆို သူမက မိစ္ဆာဘုရင်ရဲ့ ဒုတိယမြောက်ဧကရီပေါ့...ဟူး...တော်ပါသေးရဲ့...မိစ္ဆာမိဖုရားတွေအများကြီးရှိမယ်လို့ထင်ထားတာ...

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Where stories live. Discover now