မေဘယ်လ်။ အခန်း ( ၁ )

43.5K 1.5K 87
                                    


တောင်ကိုရီးယားနိုင်ငံ၏ နွေဦးရာသီဟာ အလှပဆုံးသော လက်ရာတွေဖြင့် ရေးခြစ်ဖန်တီးထားသည့် ရေဆေးပန်းချီကားသဖွယ် အစွမ်းကုန် လှပလို့နေသည်။ လမ်းမထက် ပျံ့ကြဲနေသော ရွက်ကြွေလေးများကအစ နွေဦးရဲ့အလှတရားကို တဖက်တလမ်းကနေ ပုံဖော်ပေးနေသယောင်။

"ဆိုမင် ငါအပြင်သွားလိုက်ဦးမယ်"

"နင့် duty က ပြီးသွားပြီမလား။ သွားရင်သွားလေ။ ငါကတော့ အစားဝင်ရမှာမို့လို့ ဒီနေ့တော့ မချောင်ဘူး"

စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံပေါ် ထိုင်ချရင်း ငြီးတွားနေတဲ့ ဆိုမင်ကြောင့် နှုတ်ခမ်းလေး ကွေးသွားရုံမျှ လီဆာ ပြုံးလိုက်မိသည်။

"အတွေ့အကြုံအသစ်တွေရတာပေါ့"

"နင့်လို အထူးကု ပါရဂူတစ်ယောက်မှ မဖြစ်သေးတာ။ အဲ့တော့ နင်ကပြောအားရှိတာပေါ့"

"ကဲပါ။ ခွဲစိတ်ခန်းဝင်ရင်သာ မမှားစေနဲ့။ ငါသွားပြီ"

Duty coat အဖြူရောင်လေးကို ချိတ်တန်းလေးထက် ချွတ်ခဲ့လိုက်ပြီး ပိုက်ဆံအိတ်နဲ့ ကားသော့ကိုယူကာ ဆေးရုံနံ့တွေ ကြားထဲကနေ အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။

နွေဦးရာသီတောင် ရောက်နေခဲ့ပြီပဲ။ လီဆာ ဘာလို့များ သတိမထားခဲ့မိပါလိမ့်။ အင်းပေါ့လေ။ အမြဲလိုလို ဆေးရုံနဲ့အိမ်ကိုသာ ကူးသန်းနေရတာဆိုတော့ ဒီလိုမျိုး ရာသီတွေ ပြောင်းလို့ ပြောင်းသွားမှန်းတောင် သတိမမူမိသည်အထိ အပြင်လောကရဲ့ အလှတရားတွေကို ဥပေက္ခာပြုပြီးနေနေခဲ့တာ အတော်ကိုကြာခဲ့လေပြီ။

အခုဆိုရင် အရမ်းဖြစ်ချင်နေခဲ့တဲ့နှလုံးအထူးကု ပါရဂူတစ်ယောက် ဖြစ်နေခဲ့ရပြီ။ ပင်ပန်းရကြိုး နပ်ခဲ့တယ်လို့ ပြောရမလား။ တကယ်လည်း ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရတာပါ။ မိဘတွေနဲ့အဆင်မပြေခဲ့လို့ ဆေးကျောင်း စတက်ကတည်းက ကိုယ့်ဘဝကိုယ်သာ ထိန်းကျောင်းရင်း ရပ်တည်ခဲ့ရတာ။ အလုပ်တဖက်နဲ့ ကျောင်းတက်ခဲ့ရတာ ထင်ထားခဲ့သလောက်တော့ မလွယ်ကူခဲ့ဘူး။

မိသားစုပိုင် Company ကို ဦးစီးစေချင်နေတဲ့ အဖေ့ရဲ့ အတ္တတစ်ခုကြောင့်နဲ့ ဆေးကျောင်းအရမ်းတက်ချင်ခဲ့တဲ့ လီဆာ့ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်စရိတ်နဲ့ကိုယ် ကျောင်းတက်မယ်ဆိုပြီး ကြွေးကြော်ခဲ့တော့ သားအဖကြားက အခြေအနေတွေနဲ့ ဆက်ဆံရေးဟာ အရမ်းကိုတင်းမာသွားခဲ့ရသည်။

When I first met you, I fell for mapleWhere stories live. Discover now