"ဒီရက်ပိုင်း အိမ်မှာနေတာ သိပ်မတွေ့ဘူးနော်။ ဘယ်တွေသွားနေတာလဲ ချယ်ယောင်း"ခွဲစိတ်ခန်းတွေ ဆက်တိုက်ဝင်နေရသလို မိမိရဲ့အားလပ်ချိန်တွေဟာလည်း ဆူးဆိုတဲ့ လူသားလေးအတွက် ရင်းနှီးနေခဲ့ရတာဆိုတော့ လီလီမေးသလို အိမ်မှာ ရှိတဲ့အချိန်တွေဟာ သိပ်ကိုရှားပါးလှသည်။
အခုဆိုရင် မိမိရဲ့နေအိမ်မှာပဲ ပြန်နေဖြစ်တယ်။ ဒီနေ့တော့ ထူးထူးခြားခြား လီလီရော ကျွန်မပါ နားရက်တူနေတာကြောင့် ကျွန်မရဲ့အိမ်ကို မနက်အစောကြီး ရောက်ချလာလေရဲ့။ အခုလည်း မနက်စာ စားနေရင်း လီလီမေးတဲ့မေးခွန်းကို အမှန်တိုင်းဖြေရန် ဆုံးဖြတ်လိုက်သည်။
"ငါ အခုတွဲနေတဲ့လူ ရှိနေပြီ လီလီ"
"အဟွတ် အဟွတ် "
ချယ်ယောင်းရဲ့ စကားကိုကြားတော့ စားလက်စ ကိတ်မုန့်တောင် သီးသွားရသည်အထိ လီလီ တစ်ယောက် တော်တော်လေး လန့်သွားတယ်ထင်ပါတယ်။
"ဘယ်လို ! တကယ်ကြီးလား ဘယ်သူလဲ။ ဘယ်ကလဲ။ ဘာလုပ်တာလဲ"
"နင်ကလည်း ဖြေးဖြေးမေးပါဟာ။ တရားခံစစ် စစ်နေသလိုပဲ"
မေးခွန်းတွေ တရစပ်မေးလာတဲ့ လီလီ့အား ကော်ဖီသောက်နေရင်း လှမ်းပြောလိုက်ရသည်။
"သူက မိန်းကလေးတစ်ယောက်ပါ"
"ဘာ! တကယ်ကြီးလား "
လီလီ့အား ခေါင်းညိမ့်ပြလိုက်ပြီး သောက်လက်စ ကော်ဖီကိုသာ ပြန်သောက်နေလိုက်သည်။ အရင်က စိတ်ဝင်စားခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့အရှေ့မှာ အခုလိုမျိုး ကိုယ့်ရဲ့ချစ်သူအကြောင်းကို ပြောပြနေရတာ အခြားသူတွေတော့ ဘယ်လိုနေလဲမသိပေမယ့် ချယ်ယောင်းကတော့ စိတ်ထဲသက်တောင့်သက်သာဖြစ်နေမိတယ်။
"သူက idol တစ်ယောက်ရဲ့ မန်နေဂျာလေ။ တက္ကသိုလ်ကျောင်းသားတွေအတွက် သင်ရိုးညွန်းတွေလည်းရေးတယ်။ အရင်က ဆရာမလည်း လုပ်ခဲ့ဖူးတယ်"
"ဆရာမ လုပ်ခဲ့ဖူးတယ်ဆိုရင် တော်တော်လေးရင့်ကျက်တည်ငြိမ်မယ့်ပုံစံပဲ။ နင့်ထက်လည်း အသက်ကြီးပုံရတယ်။ ဟုတ်လား"
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}