မေဘယ်လ်။ အခန်း ( ၁၀ )

12.9K 1K 48
                                    

[repentir]
[悔い改め]

🍁

" ခလွမ် ! "

အခန်းထဲဝင်ဝင်ချင်းမှာပဲ စားပွဲခုံပေါ်တင်ထားတဲ့ ပန်းအိုးလေးဟာ လေလဲမတိုက်ပါဘဲနဲ့ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားတဲ့အသံကြောင့် ဂျဲန်းနီစိတ်ထဲ လေးသွားသလို ခံစားလိုက်ရသည်။

ရုတ်တရက် ခေါင်းထဲဝင်လာတာက လီလီ။ လီလီ့ကို ရက်စက်လှတဲ့ စကားလုံးတွေနဲ့ ငြင်းပယ်ခဲ့မိတယ်။ ဒါတွေကလဲ လီလီကောင်းဖို့ အတွက်ရယ်ပါ။ မိမိကြောင့်နဲ့ တောက်ပလာမယ့် သူ့အနာဂတ်လမ်းကို အနှောက်အယှက်သဖွယ် မဖြစ်စေချင်ဘူး။ လီလီ့ကို ချစ်နေမိပြီလားလို့ အကြိမ်ကြိမ်အခါခါ မေးခွန်းထုတ်ခဲ့ပေမယ့် သေချာတဲ့အဖြေဟာ ထွက်မလာခဲ့။

လီလီ့ရဲ့အနမ်းတွေကို မိမိဘက်ကလဲ တုံ့ပြန်ကာ ပြန်လည်နမ်းရှိုက်မိခဲ့တယ်။ လီလီ့ရဲ့ ဂရုစိုက်မှုတွေကို သာယာခဲ့တယ်။ လီလီ့ကြောင့် ရယ်မောပျော်ရွင်ခဲ့ရတယ်။ မတွေ့ရတဲ့အချိန်တွေတိုင်း အမြဲလိုလို သတိရနေခဲ့မိတယ်။ လီလီနဲ့ နီးနီးကပ်ကပ် နေရတဲ့အချိန်တိုင်း ရင်တွေခုန်နေခဲ့ရတယ်။ ဒါတွေကိုခြုံကြည့်ရင် လီလီ့ကို ချစ်မိနေတာများလား။

ကျဆင်းလာတဲ့မျက်ရည်တွေကို သုတ်လိုက်ရင်း လီလီပေးခဲ့တဲ့ မေဘယ်လ်သစ်ရွက်လေးကို ကြိုးတန်းလေးပေါ် ချိတ်ဆွဲထားလိုက်သည်။ ဒါနဲ့ဆို လီလီပေးခဲ့တာ မေဘယ်လ်သစ်ရွက်လေး သုံးရွက်မြောက်ပေါ့။ တနည်းပြောရရင် နောက်ဆုံးသော သစ်ရွက်လေး။

" ဂျဲန်းရယ် ရှာလိုက်ရတာ"

အခန်းထဲဝင်လာတဲ့ အစ်မဂျီဆူးရဲ့အသံကြောင့် မျက်ရည်တွေကို အမြန်သုတ်လိုက်သည်။

"ဘာကိစ္စလဲ အစ်မ "

"စောနက နင့်အိမ်ရှေ့မှာ လီဆာ့ရဲ့ ကားကို တွေ့လိုက်လို့"

"အင်း ဟုတ်တယ်။ အခုတော့ပြန်သွားပြီ"

"နင် ငိုနေတာလား ဂျဲန်း "

မျက်လုံးတွေမို့ပြီး ရဲနေတာမြင်တော့ ဂျဲန်း ငိုထားမှန်း သိလိုက်ပေမယ့် မသိချင်ယောင်ဆောင်ကာ မေးလိုက်မိသည်။ ဝရန်တာကနေ သူတို့နှစ်ယောက်ကို ကြည့်နေခဲ့တာဆိုတော့ အဖြစ်အပျက်တွေ အားလုံးကို တွေ့ခဲ့ရတယ်လေ။

When I first met you, I fell for mapleWo Geschichten leben. Entdecke jetzt