မေဘယ်လ်။ အခန်း ( ၁၈ )

13.3K 1K 39
                                    


"ရှုတင်ရှေ့ ရောက်နေပြီနော် မမ"

"ဟုတ်ပြီ လီလီ။ မမ အခု ထွက်ခဲ့မယ်နော်"

'မမ ကိုလာကြိုပါလား ' ဆိုပြီး ပြောလာတော့ Duty ကို ချယ်ယောင်းဆီ လွှဲပေးခဲ့ပြီး အမြန်ပြေးလာခဲ့ရသည်။ အမှန်တော့ ဒီနေ့ နေ့လည်စာကို ချယ်ယောင်းနဲ့ အတူတူ စားမယ်ဆိုပြီးစီစဉ်ထားပြီးသားရယ်။ ဘယ်တတ်နိုင်မလဲ။ သိပ်ချစ်ရတဲ့ မမရဲ့စကားတခွန်းသည်သာ လီဆာ့အတွက် အမိန့်တစ်ခုလို ဖြစ်တည်နေခဲ့တာဆိုတော့။

ခဏကြာတော့ ရှူတင်ထဲကနေ အပြင်ကိုထွက်လာတဲ့ မမအား ကားကိုမှီရင်း ရပ်ကြည့်နေမိတယ်။ ခဲရောင် pant လေးနဲ့ Crop top အကွက်လေးကို style ကျကျ ဝတ်ဆင်ထားတဲ့ မမရဲ့အလှကြောင့် အကြည့်တွေက တချက်ကလေးမျှ မခွာနိုင်ခဲ့။

"လီလီ ဘာတွေစိုက်ကြည့်နေတာလဲ"

အနားကိုရောက်လာတဲ့ မမက ပါးလေးကို လှမ်းကိုင်ရင်းနဲ့ မေးလာသည်။

"မမ အရမ်းလှနေလို့"

"အပိုတွေ"

မမရဲ့ ခါးလေးကို မိမိနဲ့ နီးအောင်ဆွဲကပ်လိုက်သည်။

"တကယ်ပြောတာ မမရဲ့"

မမ မျက်နှာနား တိုးကပ်သွားတော့ လီဆာ့နှုတ်ခမ်းပေါ်ကို လက်ညိုးလေးတင်ကာ တားလာသည်။

"လီလီနော် အရမ်းမကဲနဲ့။ အခုကလူမြင်ကွင်းကြီး"

"သိပါတယ် မမရဲ့။ ကိုယ့်ချစ်သူ သိက္ခာကျမယ့် အလုပ်မျိုးလုပ်စရာလား။ ကားပေါ်တက်တော့"

ကားတံခါးလေးဖွင့်ပေးလိုက်ပြီး မမ ထိုင်ပြီးပြီဆိုမှ တံခါးပြန်ပိတ်ကာ နေရာမှာ ဝင်ထိုင်လိုက်သည်။

" ရော့ "

လီလီက မိမိအရှေ့သို့ မေဘယ်လ်သစ်ရွက်လေး တစ်ရွက် ကမ်းပေးလာသည်။ ထိုသစ်ရွက်လေးဟာ အဝါရောင်လေး ဖြစ်သည်။

"ယူလေ မမရဲ့"

သစ်ရွက်လေးကို လှမ်းယူလိုက်ပြီး လီလီ့ကို အလှပဆုံးပြုံးပြကာ ပိုက်ဆံအိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

"လီလီ အရင်ကပေးတဲ့ သစ်ရွက်လေးတွေတောင် အခုထိ ရှိသေးတယ်"

"မမ သိမ်းထားမယ်ဆိုတာ သိသားပဲ"

When I first met you, I fell for mapleWhere stories live. Discover now