မေဘယ်လ်။ အခန်း ( ၉ )

11.6K 1K 37
                                    


"လီလီ ဒါဘာလုပ်တာလဲ ! "

"အတည်ပြုစရာလေးရှိလို့။ မမ ရဲ့မျက်လုံးလေးတွေကို ခဏလောက် မှိတ်ထားပေးပါလား"

မျက်နှာနားကပ်ကာ ပြောလာတဲ့ လီလီ့ကြောင့် ကိုယ်တိုင်ပင် မသိလိုက်တဲ့ အချိန်မှာပဲ မျက်လုံးတွေကို စုံမှိတ်ချပေးလိုက်မိသည်။ လက်သီးကိုလည်း ခပ်တင်းတင်းဆုပ်ထားမိသည်။ မသိစိတ်က ဒီလိုမျိုး ပြုမူနေမိပေမယ့် အသိစိတ်ထဲမှာတော့ ဒီအရာကို ရှောင်ဖယ်နေခဲ့မိတယ်။

တဖြေးဖြေးနဲ့ နီးကပ်လာတဲ့ မျက်နှာကြောင့် နှလုံးခုန်နှုန်းတွေဟာ တော်တော်လေးကို မတည်မငြိမ် ဖြစ်လာခဲ့ရပြန်သည်။

ဂျဲန်းနီ ဘာလို့ မရုန်းမိတာလဲ။ လည်ပင်းကိုကိုင်ထားတဲ့ လီလီ့ရဲ့လက်တွေနဲ့ ခါးကို တင်းကြပ်နေအောင် ဖက်တွယ်ထားတဲ့ လက်တစ်စုံကို ဂျဲန်းနီ ဘာလို့များ မတွန်းလှန်နိုင်ရတာလဲ။ ရုန်းထွက်လို့ ရနေပါလျက်နဲ့ မရုန်းရက်နိုင်ခဲ့တဲ့ ဒီနွံငယ်ဟာ သံယောဇဉ်ကြိုးတွေ မည်မျှထိ ရစ်ပတ်နေခဲ့တာလဲ။

" လီလီ ဘာလုပ် "

စကားမဆုံးခင် မိမိရဲ့နှုတ်ခမ်းကို သိမ်းပိုက်သွားတဲ့ လီလီ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံကြောင့် အရမ်းလန့်သွားတယ်ဆိုပေမယ့် မရုန်းမိခဲ့ပြန်။ ထိရုံလေး ထိကပ်ထားရာကနေ သုံးစက္ကန့်လောက်အကြာမှာ လှုပ်ရှားလာတဲ့ လီလီ့ရဲ့နှုတ်ခမ်းတွေကြောင့် အသက်တောင်မနဲ လုရှူနေရသည်အထိ။

အချိန်တော်တော်ကြာသည်အထိ မိမိရဲ့ နှုတ်ခမ်းကို ငုံ့ထွေးထားတဲ့ လီလီ့ရဲ့ အနမ်းတွေကြား ရစ်မူးကာ မျောပါနေမိရင်း ဖြတ်ခနဲ သတိဝင်လာတော့ လီလီ့ကို ပခုံးကနေ တွန်းထုတ်လိုက်မိသည်။ ဒါ ဘယ်လိုမှမဖြစ်သင့်တဲ့ အမှားတစ်ခုလေ။ ဂျဲန်းနီ မရူးမိုက်ချင်ဘူး။

"တို့ကို အခုချက်ချင်းအိမ်ပြန်ပို့ပေးပါ လီလီ !"

မမက လီဆာ့ရဲ့အနမ်းတွေကို တုံ့ပြန်ခဲ့တယ်။ လီဆာ့ရဲ့အနမ်းတွေကို မရှောင်ဖယ်ခဲ့ဘူး။ အခုကျမှ ဘာလို့များ ဒေါသဖြစ်နေတာလဲဆိုတာ စဉ်းစားလို့မရနိုင်ခဲ့။

"မမ နေပါဦး "

အပြင်ထွက်ရန် ခြေလှမ်းပြင်နေတဲ့ မမကိုအရှေ့ကနေ ပိတ်ကာလိုက်သည်။

When I first met you, I fell for mapleWhere stories live. Discover now