"ငချွဲမလေး ဖြစ်နေပါရောလား လီလီရယ်"မမရဲ့ လည်ပင်းနားကို မျက်နှာအပ်ကာ ကြောင်တစ်ကောင်ကဲ့သို့ တိုးဝှေ့ရင်းနေမိတဲ့အခါ လီဆာ့ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးပြီး ထိုသို့ပြောလာခြင်းဖြစ်သည်။
"ချွဲတာက မမကိုချစ်လို့ "
"ဟုတ်ပါပြီရှင်။ ကဲ လာ ကားပေါ်တက်တော့"
မမဘက်က ကားတံခါးလေးကို ဖွင့်ပေးပြီးမှ လီဆာလဲ တဖက်မှာ သွားထိုင်ဖြစ်ခဲ့တယ်။ မမကတော့ လီဆာ လုပ်သမျှကို အပြုံးတွေဖြင့်သာ ကြည့်နေခဲ့တာပေါ့။
" လီလီ ဘာစားချင်လဲ "
ကားပေါ်ရောက်တော့ အနားကိုတိုးလာရင်း Seat-belt တပ်ပေးနေတဲ့ မမဟာ မျက်လုံးချင်းစုံအောင်ကြည့်ပြီး မေးလာသည်။ နီးကပ်လွန်းတဲ့ မျက်နှာအနေအထားနဲ့အတူ လီဆာ့ကိုဘဲ စိုက်ကြည့်နေတဲ့ မမကြောင့် အသည်းယားစွာဖြင့် ပါးလေးကို ရွှတ်ခနဲနေအောင် နမ်းလိုက်မိတယ်။
"မမ အဆင်ပြေတာစားလေ။ကျွန်မက ရတယ်"
"လူလည်မလေး။ အခွင့်အရေးရတာနဲ့ လူကိုအသားယူဖို့ဘဲ ချောင်းနေတော့တာ "
" မမကလဲ ချစ်တာကိုလို့ "
"ဟုတ်ပါပြီရှင် ချစ်ပါ ချစ်ပါ "
ရယ်မောသံတွေနဲ့ ပြည့်နေတဲ့ ကားလေးဟာ တရွေ့ရွေ့နဲ့ စားသောက်ဆိုင်ဆီသို့ ဦးတည်ကာ မောင်းနှင်ရင်း။
🍁
"ဟင် နင်တစ်ယောက်ထဲလား ချယ်ယောင်း။ လီဆာရော ဘယ်ရောက်နေတာလဲ "
ဆေးရုံရဲ့ကန်တင်းထဲ ထမင်းထိုင်စားနေတဲ့ ချယ်ယောင်းကို မြင်တော့ ဆိုမင်တစ်ယောက် ထမင်းပန်းကန်ကိုင်ရင်း အရှေ့မှာဝင်ထိုင်ကာ စူးစမ်းသလိုနဲ့ မေးလာသည်။
"အင်း လီလီက အပြင်သွားတာ "
"ဘယ်သွားတာလဲ။တခါမှ အဲ့လိုတွေ မသွားဖူးတဲ့လူက အခုမှထူးထူးဆန်းဆန်း"
New York ကနေ ဒီဆေးရုံမှာအလုပ်ဝင် ကတည်းက တခါဆို တခါမှ အပြင်ကို တစ်ယောက်ထဲထွက်ပြီး ထမင်းသွားစားလေ့မရှိတဲ့ လီလီ့ကို ဆိုမင်အနေနဲ့ အံ့ဩရင်လဲ အံ့ဩသင့်စရာပါပဲ။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}