"လီလီ ""ရှင် "
ကျွန်မခေါ်တိုင်း ရှင်လို့ ထူးတတ်တဲ့ လီလီဟာ အခုလည်းပဲ နူးညံ့ညင်သာတဲ့ လေသံလေးနဲ့ အသံပြုလာပြန်တယ်။ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှူပ်နေတဲ့ လီလီ့ရဲ့ ပေါင်ပေါ်သို့ တစောင်းအနေအထားနဲ့ တက်ထိုင်လိုက်ပြီး လည်ပင်းလေးကို လက်နှစ်ဖက်နဲ့ သွယ်ယှက်ကာ ဖက်ထားမိသည်။
"မမ ခွဲစိတ်မှုခံယူမယ် လီလီ။ မနက်ဖြန်မနက် ဆေးရုံတက်ရအောင်နော်"
ကျွန်မရဲ့စကားကိုကြားတော့ လီလီတစ်ယောက် အရမ်းကိုပျော်ရွှင်သွားတယ်။ မျက်နှာလေးဆို ပြုံးရွှင်လို့။
"လီလီ အခု မမ ရောဂါအကြောင်း ရှာနေတာ။ နှလုံးအစားထိုးဖို့အတွက် အလှူရှင်ကိုလည်း စုံစမ်းထားတယ်။ မနက်ဖြန် ဆေးရုံရောက်တာနဲ့ မမကို ဆေးစစ်ပြီး ကိုက်ညီတဲ့ နှလုံးအလှူရှင်ကို အမြန်ဆုံးရှာမယ်။ လီလီ့ကို ယုံကြည်တယ်မလား"
"ဒီကမ္ဘာပေါ်မှာ လီလီဆိုတဲ့ ဒီလူသားလေးက မမ အယုံကြည်ရဆုံးနဲ့ အချစ်ရဆုံးပါပဲ။ အဲ့တာကြောင့် မမ ကိုအသက်ရှင်နိုင်အောင်လုပ်ပေးပါ။ မမ မသေချင်သေးဘူး"
လီဆာ့ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ကိုင်တွယ်နေရာကနေ နှုတ်ခမ်းပေါ်သို့ လက်ချောင်းလေးတွေနဲ့ ထိတွေ့ထားရင်း မမ ပြောလိုက်တဲ့ နောက်ဆုံးစကားကြောင့် ဒေါသထွက်မိပေမယ့်လဲ တကယ်တမ်းကျတော့ အနူးညံ့ဆုံးသော လေယူလေသိမ်းတွေနဲ့သာ မမ အပေါ် ပြုမူပြောဆိုမိပြန်ပါတယ်။
"ရှူး မပြောရဘူးလေ မမရဲ့။ အဲ့လိုမပြောပါနဲ့"
လီလီက ကျွန်မရဲ့ပါးလေးနှစ်ဖက်ကို လက်လေးနဲ့ အုပ်မိုးကာ ကိုင်တွယ်ရင်း ဆက်မပြောရန် တားဆီးလာခဲ့သည်။ ပေါင်ပေါ်ထိုင်နေရင်းနဲ့ လီလီ့ရဲ့လည်ပင်းလေးကို ဖက်တွယ်ကာ ပခုံးပေါ် မျက်နှာအပ်ပြီး ဆံနွယ်လေးကို နမ်းရှိုက်နေမိတယ်။ လီလီ့ရဲ့ လက်တွေဟာလည်း ကျွန်မရဲ့ ခါးလေးကို ခပ်တင်းတင်း ပွေ့ဖက်လာကာ လည်ပင်းကိုလည်း ဖိကပ်၍နမ်းနေပြန်ပါတယ်။
"လီလီ့အတွက် ရှေ့ဆက်ပြီးအသက်ရှင်ရမယ့် အကြောင်းပြချက်က မမပဲ။ အဲ့တာကြောင့် လီလီ့ရဲ့ခွင့်ပြုချက်မရဘဲ ထွက်သွားပိုင်ခွင့် မမမှာလုံးဝမရှိဘူး။ မမကို လီလီပိုင်တယ်။ လီလီတန်ဖိုးထားပြီး ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို ဘယ်သူကမှလည်း လာပြီးဆွဲထုတ်ပိုင်ခွင့်မရှိဘူး"
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}