မေဘယ်လ်။ အခန်း ( ၃ )

13.1K 1.1K 33
                                    


ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့လေတွေကြောင့် အရှေ့မှာချထားတဲ့ ကော်ဖီရနံ့ သင်းသင်းလေးဟာ လီဆာ့ရဲ့စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။ ဖတ်လက်စ စာအုပ်လေးကို စားပွဲခုံပေါ် လှမ်းတင်လိုက်ရင်း ကော်ဖီခွက်ကိုယူကာ နှုတ်ခမ်းနားထေ့ထား၍ အရသာခံပြီး ဖြေးဖြေးချင်းသောက်သုံးနေမိသည်။

အခုလို နားရက်တွေမှာ လီဆာ့ရဲ့အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးချလေ့ရှိတယ်။ တိတ်ဆိတ်ငြိမ်သက်လှတဲ့ နေရာတစ်ခုခုမှာ စာအုပ်ထိုင်ဖတ်တာတို့၊ ကင်မရာ တစ်လုံးနဲ့ ရောက်တက်ရာရာ ရိုက်မိတတ်တာတို့ပေါ့။ အတွေးကောင်းနေတုန်းရှိသေးတယ် ခုံပေါ်ကဖုန်းက အသံမြည်လာလေရဲ့။

"အင်း ဆိုရွန်လ် "

"ဒီနေ့ နင့်နားရက်မလား။ တွေ့ရအောင်လေ"

"ငါမအားဘူး။ စာကြွေးတွေ တင်နေတယ်။ နောက်နေ့မှပေါ့"

စပ်မိစပ်ရာ ပြောနေကြရင်းနဲ့ ဟိုတနေ့က မမနဲ့ဆုံဖြစ်ခဲ့တဲ့အကြောင်းကို ဆိုရွန်လ်အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်မိသည်။

"အဲ့တော့ နင်အချေခံလိုက်ရပြီမလား ဟားဟား"

"ရယ်မနေနဲ့။ ငါတကယ် စိတ်မကောင်းဖြစ်နေတာ"

လီဆာ့ရဲ့ရင်ဖွင့်သံတွေကို ကြားတော့ ဆိုရွန်လ် တစ်ယောက် ဖုန်းထဲကနေ လူကိုအားမနာမတမ်း ဟားတိုက်နေလေရဲ့။

"ငါပြောသားပဲ။ ဂျဲန်းနီကင်မ်က အရမ်းကိုမာနကြီးတာပါဆိုနေ။ အခုတော့ နင်ယုံပြီမလား"

"မဟုတ်လည်း သူ မာနကြီးမှန်းအစကတည်းက ရိပ်မိပါတယ်။ ဒါပေမယ့် ငါသူ့နဲ့ရင်းနှီးချင်တယ်။ ဘယ်လိုလုပ်ရမလဲ"

"ဘယ်လို။ နင်ကသူနဲ့ရင်းနှီးချင်တယ် ဟုတ်လား။ နားရှိလို့သာ ကြားရတယ်။ နင့်လို ရေခဲတုံးကြီးက အခုကျ အပေါင်းအသင်းမက်နေပြီပေါ့လေ"

ဆိုရွန်လ် ပြောလည်းပြောချင်စရာ။ ရေခဲမင်းသမီးလို့ ခေါ်ရလောက်သည်အထိ လီဆာ့ရဲ့ အေးစက်စက်နိုင်မှုတွေကို လူအများကအစ သတိပြုမိနေကြခြင်းဖြစ်သည်။

ငယ်ငယ်ကတည်းက အခုအချိန်ထိ ဘယ်သူနဲ့မှ အရောတဝင်မနေဘဲ ဆိုရွန်လ် နဲ့ ဆိုမင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့သာ အပေါင်းအသင်းလုပ်ခဲ့သူလေ။ အထက်တန်းပြီးတဲ့အချိန်မှာ ဆိုရွန်လ်က နိုင်ငံခြားမှာကျောင်းသွားတက်တော့ ဆိုမင်နဲ့အတူတူ ဆေးကျောင်းတက်ခဲ့ကြတယ်။ အဲ့တုန်းကလည်း ဘယ်သူနဲ့မှစကားလည်း မပြောခဲ့သလို အရောတဝင်လည်း မနေခဲ့ဘူး။ အင်း တစ်စုံတစ်ယောက်ကလွဲရင်ပေါ့။ ထားပါလေ။ အဲ့တာတွေက ပြီးခဲ့တာ ကြာပါပြီ။

When I first met you, I fell for mapleWhere stories live. Discover now