မေဘယ်လ်။ အခန်း ( ၅ )

12.7K 1K 21
                                    


"ဘယ်လို။ သမီးရယ် ဖြစ်ပါ့မလား "

"သူများတွေလဲ ဒီလိုပဲနေနေတာဘဲလေ မေမေရဲ့။ ပြီးတော့ သမီး အသက်လည်းမငယ်တော့ဘူး။ ဒီတိုင်း လွတ်လွတ်လပ်လပ်နေချင်လို့ပါ"

တစ်ယောက်ထဲ သီးသန့်နေတော့မည့် အကြောင်းကို မေမေ့အား ပြောပြလိုက်တော့ စိတ်မချလို့ထင်ပါတယ်။ စိုးရိမ်မှုတွေအပြည့်နဲ့ လီဆာ့ လက်လေးကို ဆုပ်ကိုင်လာတယ်။

"တစ်ပတ်တစ်ခါတော့ မေမေ့ဆီပြန်လာပါ သမီးရယ်။ မေမေတို့မှာက ဒီသမီးလေး တစ်ယောက်ထဲရှိတာ။ စိတ်မချပေမယ့် ငါ့သမီးလဲ အရွယ်ရောက်နေတဲ့ လူငယ်တစ်ယောက်ဆိုတော့ မတားချင်ပါဘူး။ နေတာကရော ဘယ်မှာနေမယ်လို့ စိတ်ကူးထားလဲ။ သမီးသဘောကျတဲ့အိမ်တွေ့ရင်ပြောလေ။ မေမေတို့ ဝယ်ပေးမယ်"

"ဆိုမင်ကို ပြောထားတယ် မေမေ။ အိမ်ကတော့ သမီးဘာသာဘဲဝယ်မှာပါ။ စိတ်မပူနဲ့နော် "

"သမီးမှာချစ်သူတွေဘာတွေများ ရှိနေပြီလား"

မေမေက လီဆာ့ပါးလေးကို လှမ်းကိုင်ရင်း မေးလာတော့ ပြုံးပြလိုက်မိသည်။

" မရှိပါဘူးမေမေရယ် "

"ရှိလာခဲ့ရင် မေမေကိုအရင်ပြောနော် ကြားလား"

"အင်းပါ ပြောမယ်နော် "

မေမေနဲ့လီဆာက သူငယ်ချင်းလို ညီအမလိုမျိုး တခါတလေ ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ သားအမိဆိုပေမယ့် ထင်ထားတာထက်ပိုပြီး ရင်းနှီးမှုရှိတယ်ဆိုပါတော့။ ဖေဖေ့ကိုတော့ မေမေ့ကနေ တဆင့်ပဲ ပြောခိုင်းလိုက်တော့တယ်။ ကိုယ်တိုင်ပြောလိုက်ရင် ဘာကြောင့်လဲ ဘာလို့လဲဆိုပြီး စစ်ဆေးမေးမြန်းလာမှာကို လီဆာ လုံးဝမကြိုက်။

အခုလိုဆုံးဖြတ်ချက်ချခဲ့တာကလဲ အဓိကအကြောင်းပြချက်က မမ ကြောင့်ဆိုတာ လီဆာကလွဲပြီး ဘယ်သူမှသိနိုင်မည်မဟုတ်။ မိမိရဲ့စိတ်ကို မိမိကိုယ်တိုင်လည်း နားမလည်နိုင်တော့ပါဘူး။

မမကိုဘယ်လိုစိတ်မျိုးနဲ့ ခင်တွယ်နေမိတာလဲ။ မမကိုမြင်ရင် အသားချင်းထိချင်လာတာကရော ဘာကြောင့်လဲ။ မမနဲ့လက်ချင်းကိုင်မိတဲ့ အချိန်မှာ ရင်ခုန်သံတွေ မြန်လာတာကရော ဘာလို့လဲ။

When I first met you, I fell for mapleWhere stories live. Discover now