"မမအတွက် လီလီ အသက်ပေးရဲလား"
ကျွန်မအတွက်တော့ သိပ်ကိုလွယ်ကူလွန်းတဲ့ မေးခွန်းဆိုတာမျိုးပါ။ တစ်လောကလုံး ကြားနိုင်အောင် အော်ဟစ်ကာ ပြောလိုက်ချင်ပါသေးတယ်။
"အခုချက်ချင်းယူမလား မမ။ ကျွန်မပေးမယ်"
"မဟုတ်သေးဘူး။ဒီမေးခွန်းက လီလီ့အတွက် သိပ်ကို လွယ်လွန်းနေတယ်လို့ မမ ထင်တယ်"
မမက ကျွန်မရဲ့မျက်နှာနား တိုးကပ်လာပြီး ပါးလေးကိုကိုင်ကာ ပြုံးပြလာသည်။
"မမ အတွက် "
မမဟာ ထိုစကားကိုအစချီပြီး ဆက်မပြောလာသေး။ မျက်ရည်တွေဝဲနေတဲ့ မမရဲ့ထိုမျက်ဝန်းတွေဟာ စို့နင့်ကြေကွဲမှုတွေ အထင်းသား။
"မမအတွက်ဆိုပြီး လီလီ အသက်ရှင်ပေးနိုင်မလား။ မမ မပါတော့တဲ့ အနာဂတ်တစ်ခုကို ဖြတ်သန်းရမယ်ဆိုရင်တောင်မှပေါ့"
ကွဲအက်နေတဲ့ငိုသံတွေနဲ့အတူ မမ နှုတ်ကနေ ထွက်ကျလာတဲ့ ဒီစကားကြောင့် နှလုံးသားတွေ တစစီကွဲကြေသွားသလိုပါပဲ။
"ဒီ ဂတိလေးတစ်ခုကိုတော့ မမကိုပေးပါ။ အဲ့တာမှ စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွား "
"တော်တော့ ! ဘာမှဆက်မပြောနဲ့ ! "
စကားမဆုံးခင် ခပ်စူးစူးအသံနဲ့အော်လိုက်တဲ့ လီလီ့ကြောင့် စကားသံတွေဟာ နှုတ်ခမ်းဝမှာတင် ပျောက်ရှသွားခဲ့ရသည်။ မျက်နှာတစ်ခုလုံး ဒေါသတွေကြောင့် နီမြန်းနေတဲ့အပြင် ကျွန်မကိုကြည့်နေတဲ့ လီလီ့ရဲ့မျက်ဝန်းတွေဟာ ကြေကွဲမှုတို့အထင်းသား။
"ဘယ်သူ့ခွင်ပြုချက်နဲ့ထွက်သွားမို့ ကြံစည်နေတာလဲ။ ကျွန်မကိုထားခဲ့ပြီး ထွက်သွားပိုင်ခွင့် မမမှာလုံးဝမရှိဘူးနော် "
တစ်ခါဆို တစ်ခါမှမပြောဘူးတဲ့လေသံမျိုးနဲ့ ကျွန်မကိုအော်ပြောနေပေမယ့် ဒီလိုအခြေအနေမျိုးမှာ လီလီ့ကို ဘယ်လိုနည်းနဲ့မှ စိတ်မဆိုးရက်။ တစ်ကိုယ်ကောင်းဆန်တယ်လို့လဲ မပြောချင်။ အတ္တကြီးလိုက်တာလို့လဲ အပြစ်မတင်နိုင်။ ကျွန်မကိုဘယ်လောက်ထိ။ ဘယ်လိုမျိုး အတိုင်းအတာတွေအထိ လီလီချစ်သလဲဆိုတာ သိနေတဲ့အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}