မေဘယ်လ်။ အခန်း ( ၆ )

12K 1K 37
                                    


"မမ သတိထားနော်။ အောက်မှာခရုခွံတွေရှိတယ်။ လာ ကျွန်မ လက်ကိုကိုင်ထား"

သဲသောင်ပြင်ပေါ် လမ်းလျှောက်ရင်း မမ လက်လေးကို ဆုပ်ကိုင်ကာ ပင်လယ်ကမ်းစပ်ဆီသို့ လာခဲ့လိုက်ကြသည်။

"မျက်လုံးတွေ ခဏမှိတ်လိုက် မမ။ ပြီးရင် ပင်လယ်ထဲက လှိုင်းသံတွေနဲ့ လေသံတွေကို နားထောင်ပြီး ခံစားကြည့်"

ပင်လယ်ရှေ့က ကမ်းစပ်လေးနားမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ရင်း နှစ်ယောက်အတူတူ မျက်လုံးတွေကိုမှိတ်ချကာ ပင်လယ်ရဲ့အသံတွေကို နားထောင်နေမိကြသည်။ လက်နှစ်ဖက်ကလည်း အပြန်အလှန်ဆုပ်ကိုင်ထားရင်းနဲ့ပေါ့။

"ကြားရလား မမ"

"အင်း ကြားတယ်"

"လာ ရေထဲဆင်းရအောင် "

"ဟင် လီလီက ရေကူးမို့လား "

"မဟုတ်ပါဘူး မမ ရဲ့။ ခြေထောက်လေးပဲ ရေစိမ်မှာလေ"

မမ ရှေ့သို့ ဒူးတစ်ဖက်ထောက်ချကာ ဖိနပ်ချွတ်ပေးလိုက်တော့ ရုတ်တရက်ဆန်တဲ့ အပြုအမူဖြစ်တာမို့ မမ လန့်သွားရှာတယ်။

"လီလီရယ်။ နေပါစေ။ တို့ဘာသာတို့လုပ်ပါ့မယ်"

"မမရယ် ငြိမ်ငြိမ်လေးနေပါဆို။ ကဲ ပြီးပြီ"

ဖိနပ် နှစ်ရံကို သဲသောင်ပြင်နား ချွတ်ထားခဲ့ကာ ပင်လယ်ကမ်းစပ်နားထိ မမရဲ့လက်လေးကို ဆုပ်ကိုင်ရင်း ရေထဲသို့ ဆင်းခဲ့လိုက်ကြသည်။ ခြေထောက်ကို ရေထိသွားလို့နေမှာ မမရဲ့ခန္ဓာကိုယ်လေး တချက်တုန်သွားတာကိုလည်း လီဆာ သတိထားမိလိုက်သည်။ မမဆီသို့ ရေနဲ့လှမ်းပက်ကာ ကျီစယ်တော့ မမက သူ့မူပိုင်အပြုံးချိုချိုတွေနဲ့ ရယ်နေပြန်ပါတယ်။

"လီလီနော်။ အကျင့်မယုတ်နဲ့"

"မကျေနပ်ရင် မမလည်း ပြန်ပက်ပေါ့"

အသံလာရာဆီ ရေနဲ့လှမ်းပက်လိုက်တော့ လီလီရဲ့အော်ရယ်သံ တချို့နဲ့အတူ ဂျဲန်းနီဆီသို့ ရေစက်လေးတွေ လွင့်စင်လို့လာသည်။ လီလီ နဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက်နဲ့ အပြန်အလှန် ရေနဲ့ပက်ရင်း ထွက်ပေါ်လာတဲ့ ရယ်သံလွင်လွင်တွေဟာ ကမ်းစပ်တစ်လျှောက် ပျံ့လွင့်လို့ သွားခဲ့လေသည်။

When I first met you, I fell for mapleDonde viven las historias. Descúbrelo ahora