"ကျွန်မ ရောက်နေပြီနော် ဂျီဆူးရှီး"" --- "
အရေးတကြီး ပြောစရာရှိလို့ဆိုပြီး လီဆာ့ဆီ ဖုန်းဆက်ချိန်းကာ ဆေးရုံနားက ကော်ဖီဆိုင်လေးကို လာခဲ့ရန် ဂျီဆူးကပြောလာတော့ Duty ပြီးတာနဲ့ တန်းပြီးလာခဲ့မိတယ်။ ဂျီဆူးက ရောက်ခါနီးပြီလို့ ပြောပေမယ့် အသံအနေအထားက သိပ်မဟုတ်ချင်တော့ စိတ်ထဲ နေမထိ ထိုင်မသာ။
ဂျီဆူးအသံက တုန်တုန်ရီရီနဲ့ တခုခုကို စိုးရိမ်နေသလိုမျိုးဆိုတာကို လီဆာ ခန့်မှန်းမိလိုက်ပါတယ်။ ၁၀မိနစ်လောက်ကြာတော့ ဆိုင်ထဲဝင်လာတဲ့ ဂျီဆူးက လီဆာကို လှမ်းတွေ့ပြီး စားပွဲနားကိုလာကာ အရှေ့တည့်တည့်က ထိုင်ခုံလေးပေါ် ဝင်ထိုင်တယ်။
"ဘာသောက်မလဲ ဂျီဆူးရှီး"
"ရေခဲရေပဲ သောက်မယ်"
လာချပေးတဲ့ ရေအေးအေးတွေကို တစ်ခွက်လုံးနီးပါး သောက်ချလိုက်တဲ့ ဂျီဆူးရဲ့ အပြုအမူကြောင့် အံ့ဩသင့်နေမိသည်။ ဘာတွေများ ဒီလောက်တောင် ရင်ပူလာရသလဲ။
ရေခွက်ကို စားပွဲခုံပေါ်လှမ်းတင်ပြီး ပိုက်ဆံအိတ်ထဲက စာရွက်တရွက်ကို ထုတ်ကာ လီဆာ့အရှေ့ကို ဂျီဆူးက ကမ်းပေးလာတယ်။
"ဒီ စာရွက်လေးကို တစ်ချက်လောက် ကြည့်ကြည့်ပါလား လီဆာရှီး "
"ဒီစာရွက်ကဘာလဲ ဂျီဆူးရှီး"
စာရွက်လေးကို လှမ်းယူပြီး ဂျီဆူးကို ပြောလိုက်ရင်းနဲ့ စာရွက်အခေါက်လေးကို ဖွင့်ကြည့်လိုက်တော့ စာရွက်ထဲမှာ ရေးခြစ်ထားတဲ့ ဆေးစစ်ချက်အဖြေကိုမြင်ပြီး ဂျီဆူးအား အလန့်တကြားနဲ့ လှမ်းကြည့်လိုက်မိသည်။
"ဒါဘယ်သူသောက်တဲ့ ဆေးလဲ။ မဟုတ်မှ ဂျီဆူး သောက်နေရတာလား "
"ကျွန်မ မဟုတ်ပါဘူး"
ပြောလက်စ,စကားကို ဆက်မပြောဘဲ ဂျီဆူးတစ်ယောက် အရှေ့မှာချထားတဲ့ ရေခွက်ကိုလှမ်းယူပြီး သောက်ချလိုက်ပြန်သည်။ ပြီးတော့ ဖုန်းကိုထုတ်ကာ လီဆာ့ရှေ့ကို ချပေးရင်း ပုံတစ်ပုံကို ပြလာတယ်။
"ဟင် ဒါ မမ သောက်နေတဲ့ဆေးဗူးမလား"
အဖြူရောင် ဆေးဗူးလေးကို ဓာတ်ပုံရိုက်ထားတဲ့ ပုံအား ဂျီဆူးက ပြလာတော့ ဘာကိုဆိုလိုမှန်း တကယ်ကို နားမလည်နိုင်ခဲ့။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}