မေဘယ်လ်။ အခန်း ( ၂၆ )

11.2K 877 37
                                    


ဆေးရုံကုတင်ပေါ် အိပ်ပျော်နေဆဲဖြစ်တဲ့ မမရဲ့မျက်နှာလေးကို လက်ချောင်းလေးတွေနဲ့ထိတွေ့ကာ ကိုင်တွယ်နေရင်း လှိုက်ခနဲစို့တက်လာတဲ့ ဝမ်းနည်းမှုတွေနဲ့အတူ ရင်အတွင်းက နာကျင်မှုတွေကြောင့် မျက်ရည်တွေဟာလည်း ပါးပြင်ပေါ်သို့ မဖိတ်ခေါ်ပါပဲနဲ့ ကျဆင်းလာခဲ့ရပြန်သည်။

ဒီနေ့နဲ့ဆို မမ ဆေးရုံတက်ရတာ နှစ်လတင်းတင်း ပြည့်ခဲ့လေပြီ။ နှလုံးအလှူရှင် ပေါ်လာပေမယ့်လည်း မမနဲ့ကိုက်ညီမှုမရှိခဲ့လို့ စွန့်လွှတ်ခဲ့ရတယ်လေ။ ဒီနှစ်လအတွင်းမှာ မမရဲ့ကျန်းမာရေးက အရင်ကထက် ပိုပိုဆိုးလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို အိပ်ပျော်နေရင်းနဲ့ နှလုံးခုန်ရပ်သွားခဲ့လို့ လီဆာ့မှာ အရူးတပိုင်းလိုမျိုး စောက်တည်ရာမရ ဖြစ်ခဲ့ရသေးတယ်။

မမရဲ့နှလုံးက သိပ်ပြီး အလုပ်မလုပ်တော့ တခါတလေ အသက်ရှုမဝသလို ဖြစ်တတ်လွန်းလို့ အခုဆိုရင် မမကို အောက်စီဂျင်ပိုက်တွေနဲ့ ထားနေရတဲ့ အခြေအနေတခုကို ရောက်နေခဲ့ရပြီ။

ဘဝမှာ မမြင်ချင်ဆုံး မြင်ကွင်းတခုပါ။ အခုလို ဆေးရုံ ကုတင်ထက်မှာ ပိုက်တွေ စက်ကိရိယာတွေနဲ့ အသက်ဆက်နေရတဲ့ မမရဲ့ပုံရိပ်ကို ရင်နာနာနဲ့ ထိုင်ကြည့်နေရုံကလွဲလို့ လီဆာက ဘာများတက်နိုင်မှာတဲ့လဲ။

နှလုံးသားထဲမှာ နာကျင်နေပေမယ့်လည်း မမ အတွက်ဆိုပြီး အပြုံးမပျက်အောင်နေနေခဲ့ပါတယ်။  ဝမ်းနည်းကြေကွဲမှုတွေ များနေပေမယ့်လည်း မျက်နှာမှာ မပေါ်အောင်ထိန်းတတ်လာခဲ့တယ်။ သေလောက်အောင်နာကျင်နေတဲ့ ခံစားမှုတွေက တဖက်စွန်း ရောက်နေပေမယ့်လည်း မမအရှေ့မှာ အဆင်ပြေပါတယ်လို့ လိမ်ညာဟန်ဆောင်ပြီး ပြောတတ်လာခဲ့တယ်။

မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေစဉ်မှာပဲ ထိုးဆေးအရှိန်တွေကြောင့် အိပ်ပျော်နေခဲ့တဲ့ မမဟာ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မျက်မှောင့်ကျုံးပြီး မျက်လုံးတွေကို ခပ်တင်းတင်းမှိတ်နေရတဲ့ မမဟာ ဘယ်လောက်တောင်မှ ဒီနာကျင်မှု ဝေဒနာတွေကို ခံစားနေရမလဲဆိုတာ လီဆာ့နှလုံးသားက အလိုလိုသိနေခဲ့ပါတယ်။

When I first met you, I fell for mapleWhere stories live. Discover now