မေဘယ်လ်။ အခန်း ( ၂၀ )

13.4K 942 17
                                    


"တီးတောင်"🔔

"လီလီရေ ဧည့်သည်လာတာထင်တယ်။ တံခါးသွားဖွင့်ပေးလိုက်ဦး"

ရေချိုးခန်းထဲက ထွက်ထွက်ချင်း ခြံတံခါးဘဲလ်သံ ကြားလိုက်ရတာကြောင့် သွားဖွင့်ရန်လည်း အဆင်မပြေ၍ အိပ်ခန်းထဲ အဝတ်အစားလဲနေလောက်တဲ့ လီလီ့အား တံခါးသွားဖွင့်ရန် ပြောလိုက်ရသည်။ ဒီလို မနက်အစောကြီး လီလီ့ဆီကို ဘယ်သူများလာတာလဲဆိုပြီး သိချင်စိတ်နဲ့ အင်္ကျီအမြန်လဲကာ အပြင်ဘက်သို့ ထွက်လာခဲ့မိပြန်သည်။

"မမ လာထိုင်လေ"

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတဲ့ လီလီ့ရဲ့ဘေးကို ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်က မိန်းကလေးကို ကြည့်လိုက်မိတော့ ဟိုတစ်ခါတုန်းက လီလီ့ရဲ့ကားပေါ်မှာ တွေ့ခဲ့ဖူးတဲ့ မိန်းကလေးဖြစ်နေတာကြောင့် စိတ်ထဲ တမျိုးတော့ဖြစ်သွားရတယ်။

"မမ ဒါ လီလီ့ရဲ့သူငယ်ချင်းလေ။ နှလုံးအထူးကု ပတ်ခ်ချယ်ယောင်းတဲ့။ ချယ်ယောင်း ဒါငါ့ရဲ့ချစ်သူ ဂျဲန်းနီကင်မ်"

ဒါဆို သူနဲ့ လီလီက ဆေးရုံမှာလည်းအတူတူပဲပေါ့။

"တွေ့ရတာဝမ်းသာပါတယ် ဂျဲန်းနီရှီး"

"ဟုတ်ကဲ့ ဝမ်းသာပါတယ်။ ဒါနဲ့ စိတ်တော့မရှိနဲ့နော်။ ရှင်နဲ့ လီလီက ဘယ်တုန်းက စသိကြတာလဲ"

စိတ်ထဲ မတင်မကျဖြစ်နေတဲ့ ကိစ္စတစ်ခုကြောင့် မမေးသင့်ပေမယ့် မေးလိုက်မိခဲ့တယ်။ ဘေးမှာထိုင်နေတဲ့ လီလီကတော့ မျက်နှာတစ်ချက်ပျက်သွားသည်ကို ဂျဲန်းနီ မြင်လိုက်ရပါတယ်။

"ဆေးကျောင်းစတက်တုန်းကထင်တယ်။ နောက်နှစ်ကျတော့ ကျွန်မက နိုင်ငံခြားကို ပြောင်းသွားတာ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ သူနဲ့ ပြန်တွေ့တာလေ"

ဒါဆိုရင် သူက လီလီ ပြောပြခဲ့ဖူးတဲ့ တဖက်သတ် စိတ်ဝင်စားခဲ့ရတဲ့ မိန်းကလေးပေါ့။ လီလီက ဘာလို့မပြောပြတာလဲ။ ဒီလိုကိစ္စမျိုးက လှို့ဝှက်ထားဖို့ လိုလို့လား။ သူ့ရဲ့ အချစ်ဦး မဟုတ်ခဲ့ပေမယ့်လည်း ကြိုက်ခဲ့ဖူးတဲ့လူဖြစ်နေတော့ ဂျဲန်းနီမှာ ဒေါသတွေကို မျိုသိပ်ပြီး ဟန်ဆောင်ပြုံးများဖြင့်သာ ပြုံးရယ်နေရသည်။ ပတ်ခ်ချယ်ယောင်း ပြန်သွားသည်အထိ ဆိုဖာပေါ်မှာ ထိုင်နေရင်းနဲ့ အိမ်ထဲပြန်ဝင်လာတဲ့ လီလီ့ကို လက်ပိုက်ကာ စိုက်ကြည့်နေလိုက်သည်။

When I first met you, I fell for mapleWhere stories live. Discover now