[ နှစ်လခန့် အကြာ ]🍁
"လာလီဆာ ! နင်အခုဘာပြောလိုက်တာလဲ"
"ငါ့ရဲ့နှလုံးကိုယူပြီး မမကိုအသက်ရှင့်ခွင့်ပေးပါ။ ကျေးဇူးပြုပြီး ဒါလေးကိုတော့ ငါ့အတွက်ဆိုပြီး နင် လုပ်ပေးပါ ချယ်ယောင်းရယ်"
ချယ်ယောင်းရဲ့ရုံးခန်းထဲကို မျက်နှာသေနဲ့ ဝင်လာတဲ့ လီလီက အခုလည်း အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေကို မျက်ရည်တွေ ကြားထဲကနေ ပြောလာခဲ့သည်။
"လီလီ ! ဒါနောက်စရာ ကိစ္စမဟုတ်ဘူး"
"ငါ့ပုံစံက စနောက်နေတဲ့ပုံ ပေါက်နေလို့လား"
"ဒါမဖြစ်နိုင်ဘူးလေ။ လုံးဝမဖြစ်သင့်ဘူး။ နင်ဒီလိုလုပ်လိုက်လို့ ဂျဲန်းနီကင်မ်ကရော ပျော်ရွှင်စွာနဲ့ အသက်ဆက်ရှင်နိုင်မယ်လို့ နင်ထင်နေတာလား။ ဟမ် ! "
"ငါ အားလုံးစစ်ဆေးပြီးပြီ။ ငါ့နှလုံးက မမနဲ့ကိုက်ညီမှုရှိတယ်။ အဲ့တော့ နင်ကိုယ်တိုင် အမြန်ဆုံး ခွဲစိတ်ပေးပါ ချယ်ယောင်း"
နှလုံးအလှူရှင်ပေါ်မလာတဲ့အပြင် မမရဲ့ကျန်းမာရေးဟာ ဒီသုံးလကျော် လေးလအတွင်း တော်တော်လေးကို ဆိုးရွာလာခဲ့တယ်။ လက်လျော့ရတော့မယ့် အခြေအနေတခုကိုတောင် ရောက်နေခဲ့ရပြီ။
ကျွန်မဆိုတဲ့လူဟာ သိပ်ကိုအတ္တကြီးတယ်။ ထားခဲ့ခံရတဲ့သူတော့ မဖြစ်ချင်ဘူး။ ထားရစ်ခဲ့တဲ့ သူပဲဖြစ်ချင်တာ။ နောက်ဆုံး နှုတ်ဆက်ထွက်ခွာသွားရတဲ့သူဟာလည်း ကျွန်မ ကိုယ်တိုင်ပဲ ဖြစ်နေစေရမယ်။
မမ အသက်ရှင်နေရမယ်။ ကျွန်မကိုချစ်တဲ့အချစ်တွေနဲ့ သေချာပေါက် အသက်ရှင်နေမှဖြစ်လိမ့်မယ်။ မမကိုချစ်တဲ့ ကျွန်မရဲ့နှလုံးသားတစ်စုံနဲ့ ကျန်ရှိနေသေးတဲ့ မမရဲ့ဘဝအပိုင်းအစကို ဆက်လက်ပြီးရှင်သန်နေစေဖို့ လိုလားမိတယ်။
"နင် ငါ့ကို လူသတ်ခိုင်းနေလား လီလီ။ ငါမလုပ်နိုင်ဘူး လုံးဝမလုပ်နိုင်ဘူး။ ဒီကိစ္စကို ဂျဲန်းနီလည်း လက်ခံနိုင်မှာမဟုတ်ဘူး"
"ငါ သေသွားရင်ရော နင်ခွဲစိတ်ပေးမှာလား။ အဲ့ဒါဆို ငါအခုချက်ချင်း သေပေးမယ်"
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}