"အိမ်ထဲဝင်တော့နော် မမ""ကားကို ဂရုစိုက်မောင်းနော်"
"မမကို ခဏလောက်ဖက်ထားချင်တယ်"
အိမ်ရှေ့ရောက်နေပြီဖြစ်ပေမယ့် မမရဲ့လက်လေးကို လှမ်းကိုင်ရင်း ပြောလိုက်တော့ လီဆာ့ကို နှစ်လိုဖွယ် ပြုံးပြလာကာ ရင်ခွင်ထဲ တိုးဝင်လာခဲ့သည်။
လီဆာ့ရဲ့ခါးလေးကို မမရဲ့လက်လေးတွေနဲ့ တင်းကြပ်နေအောင်ဖက်တွယ်ထားပြီး လီဆာ့ရဲ့ နှလုံးသားရှိရာ ဝဲဘက်ရင်အုံဆီသို့ ကျရောက်လာတဲ့ မမရဲ့အနမ်းတစ်ပွင့်ဟာ တယုတယနဲ့။
"တို့ရဲ့ လီလီလေးကို အရမ်းချစ်တယ်"
လီဆာ့ရင်ခွင်ထဲမျက်နှာအပ်ရင်း အရှက်သည်းနေတဲ့အသံလေးနဲ့ အဖြေပြန်ပေးလာတဲ့ မမရဲ့စကားကြောင့် ပျော်ရွှင်မှုတွေကို ဖော်ပြလို့တောင် ကုန်နိုင်မည်မထင်တော့ပါ။ ဒီနှစ်တွေမှာ အရမ်းကို ကြားချင်နေခဲ့ရတဲ့ စကားတခွန်းမဟုတ်ပါလား။
"နောက် နောက်တခေါက် ပြန်ပြောပါလား မမ"
"တော်ပြီလေကွာ။ အဲ့လို လောဘမကြီးနဲ့"
လီဆာ့ ရင်ခွင်ထဲ မျက်နှာမပေါ်ဘဲနဲ့ ရှက်ရွံ့နေတဲ့ မမရဲ့ မျက်နှာလေးအား မေးစေ့ကနေဆွဲယူကာ မော့လိုက်သည်။
"မမကိုနမ်းလို့ရမလားဟင်"
မျက်လုံးလေးတွေမှိတ်ရင်း အရှက်သည်းနေတဲ့ မမက နှုတ်ခမ်းကို ကိုက်ကာ ခေါင်းလေးငြိမ့်ပြလာတာနဲ့ မြတ်နိုးစွာ ထိကပ်သွားတာတဲ့နှုတ်ခမ်းနှစ်စုံ။ ခါးပေါ် ဖက်တွယ်ထားတဲ့ မမရဲ့လက်တွေဟာလည်း ပိုမိုတင်းကြပ်လာသလို အနမ်းတွေသည်လည်းပဲ ပိုမိုကာ နက်ရှိင်းလာခဲ့တယ်။
တစ်ယောက်ရဲ့အသက်ငွေ့ရှူငွေ့လေးတွေဟာ တစ်ယောက်ရဲ့မျက်နှာနား ရစ်ဝဲလို့နေရင်း လက်တွေဟာလည်း မမရဲ့ မေးရိုးလေးကို ညင်သာစွာ ကိုင်တွယ်ထားကာ လှပလွန်းတဲ့ အနမ်းတခုအား နှစ်ယောက်အတူတူ ဖန်တီးမိခဲ့ကြသည်။
အချိန်တော်တော်ကြာသည်အထိ အနမ်းတွေ မရပ်တန့်သေးတာကြောင့် အသက်ရှူကျပ်လာလို့ထင်ပါရဲ့။ မမက လီဆာ့ရဲ့ရင်ဘတ်ကို လက်လေးနဲ့အသာအယာ တွန်းလာခဲ့တယ်။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}