" ဟယ်လို "" --- "
"ကောင်းပါပြီ။ ကျွန်မအခုလာခဲ့မယ်။ ခွဲစိတ်ခန်းကိုသာ အဆင်သင့်ပြင်ထားပေးပါ"
ဆေးရုံကနေ ဖုန်းဆက်ခေါ်၍ ကားသော့နဲ့ ပိုက်ဆံအိတ်ကိုယူကာ အခန်းထဲကနေ အောက်ထပ်သို့ ကပြာကယာ ပြေးဆင်းလာခဲ့ရသည်။ လီဆာတို့လို ဆရာဝန်တွေမှာ နားချိန်ရယ်လို့ သီးသန့် ထားလေ့မရှိ။ လူနာတွေသည်သာ ပထမ ဦးစားပေးဖြစ်သည်။
ဧည့်ခန်းထဲ စာထိုင်ဖတ်နေတဲ့ မေမေကတော့ အပေါ်ထပ်ကနေ ပြေးဆင်းလာတဲ့ လီဆာ့ကိုမြင်၍ စာအုပ်ကို စားပွဲခုံလေးပေါ် လှမ်းတင်ကာ အနားကိုရောက်လာသည်။
"ဆေးရုံကလှမ်းခေါ်လို့လား သမီးငယ်"
"ဟုတ်တယ် မေမေ။ အရေးကြီးတဲ့ ခွဲစိတ်လူနာရောက်လာလို့ သမီးသွားမှဖြစ်မယ်"
ဒေါက်ဖိနပ်ကြိုးကို ဒူးတစ်ဖက်ထောက်ကာ ထိုင်ချည်ရင်း အနားမှာ မတ်တပ်ရပ်နေတဲ့ မေမေ့ကို မော့ကြည့်၍ပြောလိုက်သည်။
"သမီးရယ် နားနားနေနေလည်း နေပါဦးကွယ်။ သမီးကိုကြည့်ရတာ စက်ရုပ်တစ်ရုပ်လိုပဲ"
လီဆာ့ ခေါင်းလေးကို ပွတ်သပ်ပေးကာ မေမေကပြောလာတော့ အနွေးထွေးဆုံး ပြုံးပြလိုက်မိသည်။
"အသားကျနေပါပြီ မေမေရယ်။ ဆေးရုံဆိုတာ သမီးရဲ့ ဒုတိယမိသားစုပဲလေ"
"အေးပါကွယ်။ သွားတော့လေ။ နောက်ကျနေမယ်"
"ဟုတ်ကဲ့။ အပြန် မိုးချုပ်ရင်ချုပ်မှာနော်။ သမီး ဖုန်းဆက်လိုက်မယ် "
"အေးပါ သမီးငယ်ရဲ့"
မေမေ့ ပါးလေးကို လှမ်းနမ်းလိုက်ပြီး ခြံဝင်းထဲ ရပ်ထားတဲ့ ကားပေါ်သို့ တက်ခဲ့လိုက်သည်။ ဒီကနေ့က duty off ဆိုပေမယ့် နှလုံးခွဲစိတ်ရမယ့် အရေးကြီးလူနာက ရုတ်တရက်ကြီး ရောက်လာတော့ မသွားလို့ကလည်း မဖြစ်ပြန်ဘူးလေ။
ကော်ဖီဆိုင်လေးကို သွားမယ့်အစီအစဉ်ကတော့ ပျက်ရပြီထင်ပါတယ်။ ဂျဲန်းနီကင်မ်ဆိုတဲ့ မိန်းကလေးကို ထပ်တွေ့ချင်နေတဲ့စိတ်ကြောင့် ညနေသွားမယ်လို့ ဆုံးဖြတ်ထားကာမှ ခွဲစိတ်လူနာက ပေါ်လာရတယ်လို့။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}