မေဘယ်လ်။ အခန်း ( ၁၂ )

12.5K 1.1K 34
                                    


"လီလီ ပြန်ကြမယ်လေ "

"ခဏလေးပါ ချယ်ယောင်း။ မမရဲ့ကားလေး ငါ့မျက်စိရှေ့ကနေ ပျောက်သွားတဲ့အထိ ဒီတိုင်းလေး ရပ်ကြည့်နေချင်သေးလို့"

New York ကနေ ပြန်ရောက်ရောက်ချင်း မမ ရဲ့ Show ပွဲရှိတယ်လို့ ဆိုရွန်လ်က ပြောလာတော့ VIP လက်မှတ်ကို ဈေးကြီးပေးဝယ်ပြီး ချယ်ယောင်းနဲ့အတူ လာဖြစ်ခဲ့ကြသည်။ သုံးနှစ်လောက် New York မှာ ဆေးကုသမှု ခံယူနေရတော့ အပြင်လောကနဲ့ လုံးဝကိုအဆက်အသွယ် ပြတ်နေခဲ့တာ။

အင်း ဒါပေမယ့် မမရဲ့အကြောင်းတွေကိုတော့ ချယ်ယောင်းက အမြဲတမ်းပြောပြလေ့ရှိပါတယ်။ ချယ်ယောင်းဆိုတာ မမကိုတခါပြောပြဖူးတဲ့ ဆေးကျောင်းစတက်တုန်းက လီဆာတဖက်သတ် စိတ်ဝင်စားခဲ့ရသည့်မိန်းကလေးပင်ဖြစ်သည်။ ကိုမာအနေနဲ့ တစ်နှစ်ကျော်လောက်ကြာမှသတိရခဲ့တဲ့ လီဆာ့အနားမှာ အခုချိန်ထိ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေခဲ့ တစ်ဦးတည်းသော မိန်းကလေးပင်ဖြစ်သည်။ အချိန်တွေအကြာကြီး သတိမေ့နေခဲ့တာဆိုတော့ ခန္ဓာကိုယ်ထဲက ကြွက်သားတွေက လှုပ်ရှားမှုလုပ်ဖို့ တော်တော်လေးကို ခဲယဉ်းသွားခဲ့ရတယ်။ ပြောရရင် အောက်ပိုင်းသေသွားတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့ရတာ။

New York မှာ ဆေးကုသဖို့အတွက် လီဆာနဲ့အတူ ချယ်ယောင်းပါ လိုက်ခဲ့တယ်။ အဲ့မှာရှိတဲ့ ဆေးရုံမှာပဲ ချယ်ယောင်းက အလုပ်ဝင်ရင်း အလုပ်တဖက်နဲ့ လီဆာ့ကို အခုလို လူကောင်းတစ်ယောက်ဖြစ်လာဖို့ အစွမ်းကုန် ကူညီပေးခဲ့တဲ့သူလေ။

နှစ်နှစ်လောက်ထိ ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့တော့ အခုလိုအချိန်တိုအတွင်းနဲ့ ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဒါဟာလည်း မမကိုတွေ့ချင်တဲ့ စိတ်ကြောင့်နဲ့ပါ။ အခြားရယ်တော့ မရှိပါဘူး။

မမ ပေးခဲ့တဲ့ ဒဏ်ရာတွေဟာ လီဆာ့အတွက် မသေရုံတမယ်ပါပဲ။ နာကြည်းသင့်ပေမယ့် လီဆာ့ရဲ့ နှလုံးသားက မမ အတွက်ဆို အမြဲတမ်း ပေးဆပ်မှုတွေ၊ ခွင့်လွှတ်မှုတွေနဲ့ ချစ်နေခဲ့ရတာဆိုတော့ မမုန်းရက်နိုင်ခဲ့ဘူး။

မမဟာ ဂတိတည်တဲ့လူတစ်ယောက်ပါ။ လီဆာ တောင်းခဲ့တဲ့ ဂတိအတိုင်း မျက်လုံးတွေကို ခွဲစိတ်ခဲ့တယ်။ အခုလည်း လီဆာ ဖြစ်စေချင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ဘဝကိုရပ်တည်နေခဲ့ပြန်တယ်။

When I first met you, I fell for mapleWhere stories live. Discover now