မေဘယ်လ်။ အခန်း ( ၁၇ )

12.3K 999 43
                                    


"လူနာလာကြည့်တာလားရှင့်"

"မဟုတ်ပါဘူး။ နှလုံးအထူးကုဆရာဝန် ပတ်ခ်ချယ်ယောင်းဆီ လာတာပါ။ သူ အခုရှိလားမသိဘူး"

"ဒေါက်တာချယ်ယောင်းရဲ့ဧည့်သည်ထင်တယ်။ ရှိပါတယ်ရှင့်။ လာပါ။ ကျွန်မလိုက်ပို့ပေးမယ်နော်"

ကြည့်ရတာ ဒီလိုမျိုး ဆေးရုံကြီးမှာတောင် နာမည်လေးပြောပြလိုက်တာနဲ့ အခုလို ပြာပြာသလဲ ဂရုစိုက်ကြတာဆိုတော့ ချယ်ရဲ့ အရှိန်အဝါဟာ ပေါ့သေးသေးတော့ မဟုတ်တန်ဘူးဆိုတာကို ဂျီဆူး ခန့်မှန်းလိုက်မိပါသည်။

ကောင်မလေးရဲ့ ဦးဆောင်ရာအတိုင်း အနောက်ကနေ လိုက်သွားပြီးတဲ့နောက် ရုံးခန်းလိုမျိုး အခန်းတစ်ခန်းရှေ့သို့ ရောက်လာသည်။

"အထဲမှာ ဒေါက်တာရှိပါတယ်။ ဝင်သွားလိုက်ပါနော်"

"ကျေးဇူးပါပဲ ညီမလေး"

ကောင်မလေး ပြန်ထွက်သွားပြီဆိုမှ အခန်းတံခါးကို ခေါက်လိုက်တော့ " ဝင်ခဲ့ပါ " ဆိုပြီး ဩဇာအာဏာအပြည့်နဲ့ ပြောလာတဲ့ ချယ်အသံကြောင့် တစ်ချက်ပြုံးကာ တံခါးဖွင့်၍ ဝင်ခဲ့လိုက်သည်။

"ဟင် ! ခြေထောက်လာပြတာလား ဂျီဆူးရှီး။ မသက်သာလို့လား"

ဂျီဆူးကိုမြင်တော့ ချယ်တစ်ယောက် အံ့ဩသင့်ကာ ထိုင်နေရာကနေ ထလာပြီး အနားကိုရောက်လာတယ်။

"မဟုတ်ပါဘူး။ ချယ်ဆီလာတာ"

"လာလေ ထိုင်ပါဦး "

ဆိုဖာပေါ် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"ခြေထောက်ကသက်သာရဲ့လား ဂျီဆူးရှီး"

ဂျီဆူးရဲ့ခြေထောက်ကို ငုံ့ကြည့်ရင်းချယ်က မေးလာတယ်။

"အင်း မနေ့ညကတည်းက သက်သာသွားတာလေ"

"တော်သေးတာပေါ့ "

ဒီလိုနဲ့ စကားဝိုင်းဟာ ပြန်ပြီး တိတ်ဆိတ်သွားပြန်တယ်။ ချယ်ကို တွေ့ချင်လို့သာလာခဲ့ရတာ။ ဘာကြောင့်လဲဆိုတာ မိမိကိုယ်တိုင်လည်း သေချာမသိ။

"နေ့လည်စာရော စားပြီးပြီလား"

ဂျီဆူးမေးလိုက်တဲ့စကားအပေါ် ချယ်က ပြုံးပြရင်းနဲ့ တုံ့ပြန်လာတယ်။

When I first met you, I fell for mapleWhere stories live. Discover now