[နှစ်လအကြာ]
နှလုံးအစားထိုးမှုလုပ်ပြီးသည်ထိ ဂျဲန်းနီဟာ ဒီအတိုင်း လဲလျောင်းနေခဲ့တာ အခုဆို နှစ်လဆိုတဲ့အချိန်အတိုင်းအတာ တစ်ခုကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အဖြစ်အပျက်တွေဟာ သိပ်ကိုမြန်ဆန်ခဲ့တာကြောင့် တကယ်ကို မယုံကြည်နိုင်ခြင်းများစွာဖြင့်သာ သက်ပြင်းတွေ ချနေခဲ့မိတော့သည်။
" ဆူး "
အခန်းထဲဝင်လာတဲ့ ချယ်ဟာ ဂျီဆူးအနားကိုလာရင်း ပုခုံးကိုကိုင်ကာ နှစ်သိမ့်မှုပေးလာခဲ့တယ်။
"ဂျဲန်းဘာလို့ သတိမရသေးတာလဲ ချယ်။ ခွဲစိတ်တုန်းက တခုခုများ မှားယွင်းသွားလို့လား"
"နှလုံးအစားထိုးမှုက အောင်မြင်ခဲ့ပါတယ်။ သတိမရဘူးဆိုတာကတော့ ကာယကံရှင်ဖြစ်တဲ့ သူ့ရဲ့စိတ်နဲ့ဘဲဆိုင်တယ်"
ချယ်နဲ့ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချနေခဲ့မိသည်။
" ဆူး !! ဟိုမှာ ဟိုမှာကြည့်ပါဦး။ ဂျဲန်းနီရဲ့ လက်ချောင်းတွေလှုပ်နေတယ် "
ကုတင်နားသို့ အပြေးသွားရင်းကြည့်လိုက်တော့ ဂျဲန်းရဲ့လက်တွေဟာ လှုပ်ရှားလာတာကြောင့် ဂျီဆူးမှာ မျက်ရည်မဆယ်နိုင်သည်ထိ ပျော်ရွင်လာရသည်။
" အစ်မ "
လက်တွေကိုသာ အာရုံရောက်နေတာနဲ့ ခပ်တိုးတိုးခေါ်သံလေးကြားမှ အလန့်တကြားဖြင့် ဂျဲန်းရဲ့မျက်နှာကို လှမ်းအကြည့် မျက်လုံးလေးတွေဖွင့်ပြီး ဂျီဆူးကို စိုက်ကြည့်နေတဲ့ ဂျဲန်းကြောင့် ပါးစပ်ကိုလက်ဖြင့်အုပ်ရသည်အထိ အရမ်းကိုအံ့ဩသင့်သွားရသည်။
"ဂျဲန်း ဂျဲန်း သတိရပြီလား။ ဘယ်လိုနေသေးလဲ"
ဂျဲန်းရဲ့လက်တွေကို ဆုပ်ကိုင်ရင်း မေးလိုက်တော့ မျက်လုံးတွေမှိတ်ပြကာ ဂျီဆူးကို တုံ့ပြန်လာခဲ့သည်။ လက်ချောင်းလေးတွေဖြင့် သူ့အနားကို တိုးလာခဲ့ရန် အရိပ်အခြေပြနေတော့ ဂျဲန်းရဲ့မျက်နှာနားသို့ တိုးကပ်လိုက်ရသည်။
"လီလီ ကျွန်မရဲ့လီလီ အခုဘယ်မှာလဲ။ လီလီ့ကို ခေါ်ပေးပါလား အစ်မ "
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}