မေဘယ်လ်။ အခန်း ( ၃၃ )

12.4K 874 48
                                    


လန်ဒန်မြို့ရဲ့ ဆောင်းရာသီ အလယ်ပိုင်းအချိန်ကို ကျရောက်နေပြီဖြစ်တာမို့ အပြင်ဘက်မှာ ကျဆင်းနေတဲ့နှင်းတွေကို ကော်ဖီလေးသောက်ရင်း ကြည့်ရှူရန်အတွက် ဒီအချိန်လေးဟာ သိပ်ကိုတန်ဖိုးရှိလွန်းလှသည်။

လန်ဒန်မြို့ရဲ့ အလှအပတွေကို အထွေအထူး ပြောပြစရာတောင် လိုမည်မထင်။ ရှေးကျတယ်ဆိုပေမယ့်လည်း အဆောက်အဦးတွေဟာ ပျက်စီး ယိုယွင်းခြင်း အလျင်မရှိ။ နန်းဆန်လှတဲ့ ဗိသုကာလက်ရာတွေကို ဒီဘက်ခေတ်ပုံစံမျိုးနဲ့ရောစပ်ကာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေသည် နေရာတိုင်း လိုလိုပင်ဖြစ်သည်။

ကျွန်မတို့အခုလက်ရှိနေနေတဲ့ အိမ်က ဖေဖေ ပိုင်တဲ့အိမ်တွေထဲက တစ်ခုအပါအဝင်ပေါ့။ လန်ဒန်မှာလည်း Company ခွဲရှိတာဆိုတော့ သွားရာ လာရာအဆင်ပြေအောင် ဒီအိမ်ကို ဝယ်ခဲ့တာထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အခုလို လန်ဒန်မှာနေဖို့အတွက် အကြောင်းဖန်လာတော့ တော်တော်လေး အဆင်ပြေတယ်ပြောရမည်။

ကျွန်မနဲ့ မမ လန်ဒန်ကိုရောက်နေခဲ့တာ တစ်ပတ်ပြည့်ခဲ့ပြီလေ။ မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ကိစ္စတွေကို မနားမနေ စီစဉ်နေရတော့ မမလည်း အတော်လေး ပင်ပန်းလှပါပြီ။

ချယ်ယောင်းတို့အတွဲကလည်း ကျွန်မတို့နဲ့ အတူတူလိုက်ခဲ့ပေးတယ်။ အခုလည်း တစ်အိမ်ထဲအတူတူနေကြတယ်ဆိုပါတော့။

လက်ထဲကိုင်ထားတဲ့ ခွက်ထဲကကော်ဖီတွေကို အကုန်မော့ချလိုက်ပြီး စားပွဲခုံပေါ် လှမ်းတင်လိုက်သည်။ ပြတင်းပေါက်နားကနေ အပြင်ဘက်က မြင်ကွင်းတွေကိုရပ်ကြည့်နေခဲ့တာ အချိန်တောင် အတော်ကြာနေခဲ့ပြီဖြစ်သည်။

ခေါင်းကိုတစ်ချက်စောင်းပြီး ကုတင်ထက် အိပ်ပျော်နေတဲ့ ကျွန်မရဲ့ချစ်လှစွာသော မမကို အမြတ်တနိုးနဲ့ လှမ်းကြည့်နေရင်း ပြုံးရသေးသည်။

ဝတ်ထားတဲ့ Long-Coat အင်္ကျီရဲ့အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကိုထည့်ရင်း ကုတင်နားသို့ ဖြေးဖြေးချင်းလှမ်းလာကာ မမရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

မျက်နှာတခြမ်းကို ဖုံးလွမ်းနေတဲ့ ဆံနွယ်စ, တချို့အား လက်လေးနဲ့ အသာအယာ ဖယ်ရှားလိုက်ပြီး နဖူးထက်သို့ ညင်သာစွာဖြင့် အနမ်းတွေပေးလိုက်မိသည်။

When I first met you, I fell for mapleWhere stories live. Discover now