မေဘယ်လ်။ အခန်း ( ၂၁ )

12.4K 946 24
                                    


"ဟို ဒါလေးပေးချင်လို့"

လီဆာ့အနားကို ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ မမကြောင့် ဖတ်လက်စ စာအုပ်ကို ပြန်ပိတ်ကာ အရှေ့တည့်တည့်မှာ မြင်နေရတဲ့ မမရဲ့မျက်နှာလေးကို အမြတ်တနိုးနဲ့ စိုက်ကြည့်လိုက်မိသည်။

ပထမဆုံး လီဆာတို့နှစ်ယောက် စတွေ့ခဲ့တဲ့နေ့။ မေဘယ်လ်သစ်ရွက်လေးကို မမဆီ ကမ်းပေးခဲ့တုန်းက လီဆာ ပြောခဲ့ဖူးတဲ့ စကားကို အခုလိုပြောလာတော့ ဘာရယ်မဟုတ် မမရဲ့လက်ထဲကို ကြည့်လိုက်မိသေးသည်။

အဲ့လိုကြည့်လိုက်တော့မှ လီဆာ့ရဲ့မမက ခြေဖျားလေးထောက်ရင်း နှုတ်ခမ်းလေးဆူပြကာ မျက်လုံးလေးတွေကို မှိတ်ပြလာသည်။ ဒါ အနမ်းပေးချင်တယ်ဆိုတဲ့သဘော။

"လာ ကားထဲသွားရအောင် မမ"

ကားတံခါးဖွင့်ပေးကာ မမ ထိုင်ပြီးပြီဆိုမှ လီဆာလည်း နေရာမှာဝင်ထိုင်လိုက်ပြီး Seat-belt လေး ပတ်ပေးလိုက်တော့ မမရဲ့ဆွဲဆောင်မှုရှိလွန်းလှတဲ့ နှုတ်ခမ်းတစ်စုံဟာ လီဆာ့ရဲ့နဖူးထက်သို့ တယုတယနဲ့ ကျရောက်လာခဲ့တယ်။

"ချစ်တယ် လီလီ "

လီဆာ့ရဲ့မျက်နှာကို လက်လေးနှစ်ဖက်နဲ့ ကြင်နာစွာကိုင်တွယ်ရင်း မမ ကပြောလာတော့ ပြုံးလိုက်မိသည်။ မမရဲ့ဆံပင်လေးတွေကို နားကြားထဲ ညှပ်ပေးလိုက်ကာ နားသယ်စပ်နားလေးကို အနမ်းပေးလိုက်တော့ လီဆာ့ပေါင်ပေါ်ကို ဘေးတစ်စောင်းအနေအထားနဲ့ တက်ထိုင်လာတဲ့ မမရဲ့အပြုအမူကြောင့် ထိတ်လန့်သွားရသည်။

လက်တွေဟာလည်း လီဆာ့ရဲ့လည်ပင်းကို တင်းကြပ်နေအောင် ဖက်တွယ်ထားတဲ့အပြင် ပခုံးပေါ်ကို မျက်နှာအပ်ချလာသည့်အခါမှာ ခေါင်းလေးကို ပွတ်သပ်ပေးနေမိပြန်သည်။

"မမ အလုပ်မှာဘာဖြစ်ခဲ့လို့လဲ။ ဒါမှမဟုတ် စိတ်ညစ်စရာများရှိလို့လား"

ထူးဆန်းလှသည့် မမရဲ့အပြုအမူတွေကြောင့် စိတ်ထဲ ထင့်သွားမိတာတော့အမှန်ပင်။

"ဟင့်အင်း။ ဘာမှမဖြစ်ပါဘူး လီလီရဲ့ ဒီတိုင်း"

စကားကိုဆက်မပြောဘဲ မမက လီဆာနဲ့နဖူးချင်း ထိကပ်ထားပြန်တယ်။ ဒီနေ့ မမရဲ့အပြုအမူတွေ ထူးဆန်းနေတယ်လို့ လီဆာ့စိတ်ထဲထင်နေမိတယ်။ ဒါမှမဟုတ် အလုပ်တွေပင်ပန်းလို့များလား။

When I first met you, I fell for mapleWhere stories live. Discover now