မေဘယ်လ်။ အခန်း ( ၃၁ )

12.7K 901 11
                                    

လီဆာ့ရဲ့ မိဘတွေနေထိုင်ရာ နေအိမ်ဆီသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ မမကို ဖေဖေ မေမေတို့နဲ့ မိတ်ဆက်ပေးရန် အိမ်ကိုခေါ်ခဲ့သည့်အခါ မေမေက ဘယ်သူဘယ်ဝါမှန်း သေချာမသိသေးပေမယ့် ဝမ်းပန်းတသာနဲ့ ခရီးဦးကြိုလာခဲ့တယ်။ ဖေဖေကတော့ ထုံးစံအတိုင်း အရယ်အပြုံးမရှိဘဲ ကျွန်မနဲ့မမကိုသာ စိုက်ကြည့်နေလေသည်။

"သမီးငယ်ပြောတဲ့ ဂျဲန်းနီကင်မ်ဆိုတာ ဒီမိန်းခလေးလား "

"သမီးရဲ့ချစ်သူ ဂျဲန်းနီကင်မ်လို့ပြောရင် ပိုပြီးမှန်ပါလိမ့်မယ် မေမေ"

ဧည့်ခန်းထဲတွင် မေမေတို့နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရင်းနဲ့ မမရဲ့လက်လေးကိုဆုပ်ကိုင်ကာ လီဆာ ပြောလိုက်သည့်စကားအပေါ် မေမေနဲ့ဖေဖေက အံ့ဩသွားခြင်းအလျင်မရှိခဲ့ပေ။

"ဘယ်တော့လောက် လက်ထပ်ချင်လဲ "

စားပွဲခုံပေါ်က ကော်ဖီခွက်ကို လှမ်းယူကာ နှုတ်ခမ်းနား တေ့ထားရင်းပြောလာတဲ့ ဖေဖေ့ရဲ့ စကားကြောင့် လီဆာရော မမပါ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်ပြီး အံ့ဩထိတ်လန့်သွားရတော့သည်။

"မဟုတ်မှ ဖေဖေသိနေခဲ့တာလား "

ဆေးကျောင်းစတက်ကတည်းက လီဆာ့ အပေါ် ပြုံးရယ်မပြခဲ့ဖူးတဲ့ ဖေဖေဟာ အခုတော့ ပြုံးပြုံးလေးနဲ့ လီဆာတို့နှစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။

"သမီးတို့နှစ်ယောက် စတွဲကတည်းကနေ ဂျဲန်းနီအတွက် နှလုံးလှူမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့သည်အထိ ဖေဖေသိတယ် "

ဒီတစ်ခါမှာတော့ လီဆာတကယ်ကို ထိတ်လန့်သွားရတော့လေသည်။ နှလုံးလှူမယ့်ကိစ္စအထိ သိနေခဲ့တာတောင်မှ လီဆာ့ကို တားဆီးခြင်းမရှိခဲ့ဘူး။ ဘာလို့လဲ။ ဘာကြောင့်လဲ။

"နှလုံးလှူမယ့်ကိစ္စကို ဘာလို့မတားလဲလို့ သမီးမေးချင်နေတာမလား။ ဖေဖေ ဖြေပေးမယ် "

"ငါ့သမီးရဲ့ပျော်ရွင်မှုက ဂျဲန်းနီကင်မ်ဆိုတဲ့ ဒီမိန်းခလေးအပေါ်မှာ မူတည်နေမှန်း ဖေဖေ သိခဲ့ရတယ်။သူ့ကိုဘယ်လောက်ထိချစ်သလဲဆိုတာလဲ သိတယ်။ တကယ်လို့ များ ဖေဖေတို့ တားခဲ့မယ်ဆိုရင်တောင် သမီးလက်ခံနိုင်မှာမဟုတ်မှန်းလဲ သိတယ်။ အဲ့တော့ သမီးရဲ့ပျော်ရွင်မှုလို့ ခံယူပြီး ဆုံးဖြတ်ခဲ့တဲ့ဒီကိစ္စကို ဖေဖေရော သမီးရဲ့မေမေကပါ သဘောထားကြီးစွာနဲ့ နားလည်လက်ခံပေးခဲ့ကြတယ်။ ဒီဆုံးဖြတ်ချက်ကို ရင်အကွဲခံပြီး ရွေးချယ်ခဲ့ရတာ သိပ်တော့မလွယ်ကူဘူးပေါ့ကွယ်။ ပြီးတော့ သမီးတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို ယုံကြည်တာလဲ ပါတာပေါ့။ ဒါက ကိုယ့်ရဲ့သားသမီးအပေါ် မိဘတိုင်း မထားနိုင်တဲ့ မေတ္တာမျိုးဆိုတာ ငါ့သမီး သဘောပေါက်ပါတယ်နော်"

When I first met you, I fell for mapleDonde viven las historias. Descúbrelo ahora