မေဘယ်လ်။ အခန်း ( ၁၃ )

15K 1.1K 53
                                    


မမ နဲ့အတူ ထိုင်ဖြစ်နေကျဖြစ်တဲ့ မေဘယ်လ်သစ်ပင်အိုလေးအောက်ကို ဒီနေ့ကျမှ ဘာလို့မှန်းမသိ အရမ်းလာချင်နေမိသည်။ ဒီလိုနဲ့ ထွက်ခဲ့လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်ရည်ကျလုနီးနီး စိတ်တွေ သိပ်ကိုပျော်ရွှင်သွားခဲ့ရတယ်။

မေဘယ်လ်သစ်ပင်အိုလေးအောက်က ထိုင်ခုံလေးပေါ်မှာ ခေါင်းစွပ်အင်္ကျီလေးနဲ့ နားကြပ်လေးတပ်ပြီး ထိုင်နေတဲ့ အမျိုးသမီးငယ်လေး။

ဟိုးအရင်တုန်းကအတိုင်း မျက်လုံးတွေကိုမှိတ်ကာ မျက်နှာကို အပေါ်သို့ မော့ထားတဲ့ အမျိုးသမီးငယ်လေး။

လီဆာအရမ်းကို လွမ်းဆွတ်နေခဲ့ရတဲ့ ထိုအမျိုးသမီးငယ်လေးကို မမျှော်လင့်ပဲ တွေ့လိုက်ရတော့ နှလုံးခုန်နှုန်းတွေ ရပ်မတက် အရမ်းပျော်ရွှင်သွားခဲ့ရသည်။

"ဟို ဒါလေး ပေးချင်လို့"

အနားကိုသွားထိုင်ပြီး အမြဲတမ်း ဆောင်ထားတတ်တဲ့ မေဘယ်လ်သစ်ရွက် အဝါရောင်လေးကို ထိုအမျိုးသမီးငယ်လေးဆီ လက်ကမ်းကာ ပေးလိုက်တော့ လီဆာ့ကို လူထူးလူဆန်း တစ်ယောက်ပမာ ငေးကြည့်နေခဲ့ပြန်တယ်။

"ဘာကြည့်နေတာလဲ။ ယူလေ "

မေးတာလည်းမဖြေ။ အင်းမလုပ် အယ်မလုပ်နဲ့ ဒီအမျိုးသမီးက ဘယ်လောက်တောင်မှ စိတ်တိုပစ်ချင်စရာ ကောင်းလိုက်သလဲ။

"မယူဘူးပေါ့။ ရပါတယ်။ အဲ့တာဆိုလည်း ခွင့်ပြုပါဦး။ အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဂျဲန်းနီကင်မ်ရှီး"

စိတ်တိုလွန်းစွာနဲ့ ထိုအမျိုးသမီးကို ကျောခိုင်းကာ ထွက်ခဲ့လိုက်ပြီး ကျဆင်းနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့အသာ ဖယ်ရှားကာ သုတ်လိုက်မိသည်။

ခဏနေတော့ အနောက်ကနေ ပြေးလိုက်လာတဲ့ ခြေသံတခုကို ကြားလိုက်ရပြီး ခါးကနေ တင်းကြပ်နေအောင် ပွေ့ဖက်ခြင်း ခံလိုက်ရတော့ လီဆာ လန့်သွားမိတယ်။ သို့ပေမယ့် ခါးပေါ်က ထိုလက်တွေရဲ့ပိုင်ရှင်ဟာ မမဆိုတာ လီဆာ သိလိုက်ရပါတယ်။ မမဆီက ကိုယ်သင်းနံ့တွေကို အလွတ်တမ်း မှတ်မိခဲ့တာကိုး။

When I first met you, I fell for mapleWhere stories live. Discover now