"မမ လမ်းမလျှောက်နဲ့။ ကျွန်မ ပွေ့ချီမယ်"
အိမ်ရှေ့ရောက်တော့ လှို့ဝှက်နံပါတ်ကိုနှိပ်နေရင်း အိမ်ထဲဝင်ရန် ခြေလှမ်းပြင်လိုက်တဲ့အချိန် ကျွန်မလက်ကိုလှမ်းဆွဲကာ ဆွေ့ခနဲ ပွေ့ချီလိုက်တဲ့ လီလီ့ကြောင့် လည်ပင်းကိုသာ ဖက်တွယ်ထားရင်း လီလီ့ရဲ့ခေါ်ဆောင်ရာအတိုင်း လိုက်ပါခဲ့မိသည်။
မရောက်တာကြာပြီဖြစ်တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ဒီအိမ်လေးထဲ အရင်တုန်းက အငွေ့အသက် တချို့ကို ပြန်လည်ခံစားလိုက်ရသည်။ ကြည့်ရတာ အစ်မဂျီဆူးနဲ့ချယ်ယောင်းတို့ ဒီအိမ်ကို မကြာမကြာ သန့်ရှင်းရေး လုပ်ပေးထားတဲ့ပုံပါဘဲ။ ဧည့်ခန်းထဲကအစ အိပ်ခန်းထဲအထိပါ သန့်ပြန့်လို့နေသည်။
"မမရဲ့ နှလုံးအသစ်က အဆင်ပြေရဲ့လား။ အမောရောခံနိုင်လား။ အသက်ရှူမဝရင်ရော အရင်ကလို အောင့်သေးလား"
ကျွန်မကိုမွေ့ယာပေါ် ချပေးရင်း လက်နှစ်ဖက်အား နွေးထွေးစွာဆုပ်ကိုင်ကာ မေးခွန်းတွေ တန်းစီနေအောင် မေးလာပေမယ့် လီလီ သိချင်နေတဲ့ အဓိကအဖြေကို သဘောပေါက်လိုက်မိပါတယ်။
"အဲ့လိုတွေမေးနေမယ့်အစား အတူနေဖို့ အဆင်ပြေလားလို့မေးလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ "
ကျွန်မရဲ့အဖြေကို သဘောကျစွာနဲ့ စိတ်လိုလက်ရပြုံးရယ်ပြီး ချက်ချင်းဆိုသလို အပေါ်ကနေ အုပ်မိုးလာပြန်တယ်။
"အဲ့တော့ မမရဲ့အဖြေကို ကျွန်မသိချင်တယ်"
ကျွန်မကိုအပေါ်စီးကနေ စိုက်ကြည့်နေတဲ့ လီလီ့အား မျက်နှာချင်းနီးကပ်အောင် လည်ပင်းကနေ သိုင်းဖက်လိုက်သည်။
"မမကိုသိမ်းပိုက်ပေးပါ။ မမရဲ့နှလုံးသားတင်မကဘူး ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီကို လီလီ့ရဲ့ပိုင်ဆိုင်မှုတွေထဲက တန်ဖိုးအရှိဆုံး အရာတွေအဖြစ် ရှိနေချင်လို့"
ကျွန်မကိုတချက်ပြုံးပြလာပြီး ဝတ်ထားတဲ့ လူနာအကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်လာတဲ့ လီလီ့ကြောင့် ရင်ခုန်နှုန်းတွေဟာ မတည်ငြိမ်နိုင်တော့သလို လူတကိုယ်လုံး ပူထူလာရတော့သည်။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}