မေဘယ်လ်။ အခန်း ( ၂၂ )

11.4K 908 19
                                    


ညစာ စားပြီးချိန်မှာ မမနဲ့အတူ ကြယ်တွေကြည့်ချင်ပါတယ်ဆိုတဲ့ လီလီ့ရဲ့ စကားအတိုင်း ဝရန်တာဘက်က ထိုင်ခုံလေးပေါ် နှစ်ယောက်အတူတူ ကြယ်တွေကို မော့ကြည့်ရင်း လီလီ့ရဲ့ ရင်ခွင်ထဲကနေ မှေးစက်ကာ အနားယူနေမိတယ်။ နဖူးထက် ခဏခဏ ကျရောက်လာတဲ့ လီလီ့ရဲ့ နှုတ်ခမ်းတွေကို ကျေနပ်စွာခံယူရင်းနဲ့ပေါ့။ ဖြစ်နိုင်ရင် ဒီလိုအချိန်လေးတွေကို အမြဲတမ်းအတွက် ရပ်တန့်ထားချင်မိပါရဲ့။

" မမ "

" ဟင် "

"ဒီနေ့ကစပြီး ကျွန်မတို့ အတူနေကြရအောင်။ မမနဲ့ ခွဲပြီးမနေချင်တော့ဘူး။ ပြီးတော့ အခုလိုမျိုး အချိန်လေးတွေကို နေ့ရက်တိုင်း ပိုင်ဆိုင်ချင်လာမိတယ်"

ဂျဲန်းနီ ပြောချင်နေသည့်စကားတွေကို လီလီ့ဘက်ကနေ အရင်တောင်းဆိုလာတော့ ပျော်ရွှင်မှုက ထုတ်ဖော်၍မရနိုင်ခဲ့။ တိုတောင်းလှသည့် လူ့သက်တမ်းမှာ ကိုယ်ချစ်ရတဲ့လူနဲ့ နောက်ဆုံးထွက်သက်အထိ မခွဲတမ်း နေတော့မယ်လို့ ဆုံးဖြတ်ထားခဲ့မိတဲ့ မိမိရဲ့ အတွေးတွေကို လီလီများ သိနေခဲ့တာလား။

"အင်း နေကြမယ်။ ဒီနေ့ကစပြီး လီလီ့ရဲ့ အနားမှာပဲ နေတော့မယ်။ ဒါပေမယ့် မမရဲ့တစ်ဘဝလုံးကိုတော့ တာဝန်ယူပေးရမှာနော်"

လီလီ့ရဲ့ ခါးလေးကိုတင်းကြပ်နေအောင် ဖက်တွယ်လိုက်ရင်း ရင်ခွင်ထဲကနေ ပြောလိုက်တော့ ဂျဲန်းနီရဲ့ခန္ဓာကိုယ်ကို လီလီ့ရဲ့ ရင်ခွင်ထဲ ပေါက်ဝင်သွားမတက် ခပ်တင်းတင်း ပွေ့ဖက်လာပြန်ပါတယ်။

"ဒီဘဝတင်မကဘူး။ နောင်ဘဝတွေအထိ ကျွန်မတစ်ယောက်ထဲကပဲ မမကိုတာဝန်ယူပြီး စောင့်ရှောက်ပေးနေမှာ။ မမကိုလေ ကျွန်မရဲ့ရင်ခွင်ထဲကလွဲရင် ဘယ်နေရာမှာမှ စိတ်မချနိုင်ဘူးသိလား။ အမြဲတမ်းနဲ့အချိန်တိုင်း အခုလိုလေးပဲ မြတ်မြတ်နိုးနိုးနဲ့ ပွေ့ဖက်ထားချင်မိတာ"

"မမကို ဘယ်လောက်အတိုင်းအတာထိ လီလီ ချစ်သလဲဆိုတာသိချင်မိတယ်"

လီဆာ့ရဲ့ရင်ခွင်ထဲ ခေါင်းလေးမော့ကာ မေးလာတဲ့ မမကို ဘေးမှာချထားတဲ့ စောင်အပါးလေးတစ်ထည်အား ပခုံးထက် လွှာခြုံပေးလိုက်ရင်း အမြတ်တနိုးနဲ့ ပွေ့ဖက်ကာ နဖူးလေးကိုနမ်းရှိုက်လိုက်သည်။

When I first met you, I fell for mapleWhere stories live. Discover now