မေဘယ်လ်။ အခန်း ( ၃၄ )

11.9K 891 29
                                    


လူသားတိုင်း လိုချင်တောင်းတပြီး လူသားတိုင်း မရရှိနိုင်တဲ့ အရာဟာ ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ထိုအရာတွေကို ငွေကြေးရှိရုံဖြင့်လည်း မရရှိနိုင်။ ပျော်ရွှင်မှုကို ငွေဖြင့်ဝယ်ယူ၍ ရနိုင်သော်လည်း ခဏတာပင်ဖြစ်ပေလိမ့်မည်။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုအရင်းတည်ပြီး ဖြစ်တည်လာရတဲ့ ပျော်ရွှင်မှုသာလျှင် ရေရှည်အတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာတွေပေးပြီး ချစ်ခြင်းမေတ္တာတွေ ပြန်လည်ရရှိနိုင်သော အရပ်၌သာ နေထိုင်ရလို၏။ ထိုအရပ်ဒေသဟာ မမရဲ့မေတ္တာစက်ဝန်းမှလွှဲ၍ တခြားမရှိနိုင်။

ပြုံးပျော်နေကြသည့် လူတွေဟာ အများအပြား။ လီဆာ့လောက်တော့ မဟုတ်ပေမယ့် ထိုလူတွေဟာ တကယ်ပျော်ရွှင်နေကြသည်။ စစ်မှန်တဲ့ အပြုံးပန်းတွေ ပွင့်လန်းပြီး ထိုဝန်းကျင်ကို လှပအောင် ပံ့ပိုးပေးနေကြသည်။

ထို့ကြောင့် ဒီကနေ့ဟာ မေဘယ်လ်ရွက်တွေ ပျော်သည့် နေ့။ တိမ်တွေပျော်သည့် နေ့။

🍁

"လီဆာရယ် ငြိမ်ငြိမ်လေးနေစမ်းပါဟာ။  ဘယ်လိုဖြစ်နေတာလဲ။ မျက်စိကိုနှောက်နေတာပဲ"

"ငါ မမကို မြင်ချင်လှပြီ"

မင်္ဂလာပွဲကို ဖေဖေပိုင်တဲ့ ထိုအိမ်ကြီးရဲ့ခြံဝန်းထဲမှာရှိတဲ့ အလှစိုက်ပျိုးထားသည့် မြက်ခင်းပြင်ပေါ်မှာသာ ရိုးရှင်းစွာ ကျင်းပဖြစ်သည်။ ဒါကလည်း မမပေးတဲ့ အကြံရယ်ပါ။

ကဗျာဆန်ဆန်တွေကို ကြိုက်နှစ်သက်သူမို့ မမ သဘောကျစေမယ့် အပြင်အဆင်တွေနဲ့အတူ လီဆာကိုယ်တိုင် အပင်ပန်းခံပြီး လုပ်ထားရတာ။ ဖိတ်ထားတဲ့ ဧည့်သည်တွေကလည်း စုံသလောက် ရှိနေပြီဆိုပေမယ့် မမကတော့ အခုချိန်ထိ ထွက်မလာသေး။

ပန်းတွေနဲ့အလှဆင်ထားတဲ့ အဖြူရောင် မင်္ဂလာမဏ္ဏပ်ရဲ့ အနောက်ကနေ ချယ်ယောင်းနဲ့အတူတူ မတ်တပ်ရပ်ကာ စောင့်နေရင်း နေမထိ ထိုင်မသာဖြစ်လာရသည်။

"လာပြီထင်တယ်။ သွားရအောင် ချယ်ယောင်း"

ပန်းကြဲပေးတဲ့ကလေးလေးတွေက အိမ်ထဲကနေ အရင်ထွက်လာကာ မင်္ဂလာမဏ္ဏပ်ရှိရာဆီသို့ လာနေတာမြင်တော့ စင်ပေါ် သွားကာ နေရာယူပြီး မမ လာမည့်အချိန်ကို ရပ်စောင့်နေမိသည်။

When I first met you, I fell for mapleOù les histoires vivent. Découvrez maintenant