" ထွက်ခဲ့မယ်။ ခဏစောင့်နေ "ဖုန်းချပြီးတာနဲ့ ထိုးလက်စ သိုးမွေးထည်လေးကို စားပွဲခုံပေါ် လှမ်းတင်လိုက်ပြီး အိမ်ရှေ့သို့တုတ်ချောင်းအဖြူလေးနဲ့စမ်းကာ ထွက်လာခဲ့လိုက်သည်။
" လီလီ "
ခြံတံခါးရှေ့ရောက်တော့ ဘာအသံမှ မကြားရ၍ လီလီ့နာမည်ကို ခေါ်လိုက်တော့ ရုတ်တရက် မိမိရဲ့လက်ကို လှမ်းဆွဲခြင်း ခံလိုက်ရတာကြောင့် အရမ်းလန့်သွားပေမယ့် တဖက်က လက်ရဲ့နွေးထွေးမှုကို ခံစားလိုက်ရတာကြောင့် ထိုလက်ပိုင်ရှင်ဟာ လီလီမှန်း တပ်အပ်သိလိုက်ရသည်။
ဂျဲန်းနီရဲ့ကျောကို လီလီ့ရဲ့ကားနဲ့ တွန်းကပ်လိုက်သည်ဟု ခံစားမိသည်နှင့် တပြိုင်နက် လီလီ့ဆီက စကားသံတချို့ ထွက်ပေါ်လာခဲ့သည်။
"ကျွန်မကို စိတ်မဆိုးပါနဲ့နော် မမ"
"ဘယ်သူက စိတ်ဆိုးတယ်ပြောလို့လဲ"
တင်းကြပ်နေအောင် ဆွဲဖက်လာတဲ့ လီလီ့ကြောင့် ရုတ်တရက်မို့ ခဏတာ ကြောင်သွားပေမယ့် သတိပြန်ဝင်ပြီဆိုမှ လီလီ့ပုခုံးကို ခပ်ဖွဖွ တွန်းထုတ်လိုက်မိသည်။
" လီလီ ဘာလုပ်တာလဲ "
"အာ sorry ပါ မမရယ်။ တောင်းပန်ပါတယ်"
" ဒီအချိန်ကြီး ဘာလို့လာတာလဲ "
"မမက ကျွန်မကို စိတ်ဆိုးသွားတယ်လေ။ အဲ့တာကြောင့်လာတာ။ မဟုတ်ရင် ဒီနေ့ည ကျွန်မ အိပ်ပျော်နိုင်မှာမဟုတ်ဘူး"
ဘာရယ်ကြောင့်မှန်းမသိ လီလီ့ရဲ့စကားကြောင့် ကျေနပ်မိသလိုလို။ အမှန်တကယ်တော့ မိမိရဲ့အိမ်ရှေ့ကို လီလီရောက်နေပြီဆိုကတည်းက စိတ်ဆိုးပြေသွားခဲ့တာရယ်။ ဒါကို သူကတော့ သိမယ်မထင်။
"အဲ့တာဆို ပြန်တော့။ တို့ လီလီ့ကိုစိတ်မဆိုးဘူး"
အေးတိအေးစက်မျက်နှာကြီးနဲ့ ပြောလာတဲ့ မမကို စိတ်ရှိတိုင်းသာ ကိုင်ပေါက်လိုက်ချင်ပါတယ်။
" ကျွန်မကို ပြုံးပြ"
နှုတ်ခမ်းလေး ကွေးသွားရုံမျှ တချက်ကလေး ပြုံးပြပြီး ပြန်တည်သွားတဲ့ မမရဲ့ မျက်နှာကြောင့် တော်တော်လေးကို အူယားသွားမိသည်။
VOUS LISEZ
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}