ကိုရီးယားကို ပြန်ရောက်ကတည်းက လီလီလည်း ဆေးရုံအလုပ်တွေနဲ့ ရှုပ်နေခဲ့တော့ ကျွန်မအနားကို ကပ်ရတဲ့အချိန်ဟာ အရင်ကလောက် သိပ်မရှိတော့ဘူး။ အခုလည်း ဆေးရုံကနေ ပြန်ရောက်တော့ ဆေးပညာဆိုင်ရာ စာအုပ်နဲ့သာ အချိန်ဖြုန်းနေတာ သုံးနာရီ နီးပါးလောက် ရှိတော့မည်။
"မမ ... လူကိုဘာလို့ အဲ့လိုမျိုး စားမတက် ဝါးမတက် စိုက်ကြည့်နေတာလဲ "
ဆေးပညာဆိုင်ရာ စာအုပ်ကို စိတ်ဝင်တစား ဖတ်နေတဲ့ လီလီ့ရဲ့ဘေးမှာ ဝင်ထိုင်ရင်း မျက်မှန်အောက်က သိပ်ကိုစွဲဆောင်မှုရှိတဲ့ ခပ်ညိုညို မျက်ဝန်းတစုံအား မျက်တောင်မခတ် စိုက်ကြည့်နေတော့ လီလီ နေရခက်လာတာ ထင်ပါတယ်။ ကျွန်မကို လှမ်းမကြည့်ပဲ မေးလာတယ်။
"ချစ်လို့။ လီလီက အရမ်းချစ်ဖို့ကောင်းနေလို့ကြည့်နေတာ"
ကျွန်မဆီကအဖြေကိုကြားတော့ မျက်လုံးတွေက စာအုပ်ဆီကနေ ကျွန်မထံရောက်ရှိလာခဲ့သည်။ နူးညံ့လှတဲ့ ဒီလို နည်းဗျူဟာနဲ့တွေ့ရင် လီလီ့လိုရေခဲတုံးကြီးလဲ ဘာတက်နိုင်မှာတဲ့လဲ။
" အင်း အဲ့တော့ "
ဖတ်နေတဲ့ စာအုပ်အထူကြီးကို စားပွဲခုံပေါ် လှမ်းတင်ရင်း တပ်ထားတဲ့ စာကြည့်မျက်မှန်ကိုချွတ်ကာ မာဆပ်ဆပ် လေသံနဲ့ စကားကို ဘုကန့်လန့်ပြောလာပြန်တယ်။
လီလီဟာလေ တခါတလေ တစက်ကလေးမှ အချိုးပြေမနေဘူး။ ကျွန်မကိုအရမ်းချစ်တာ သိပေမယ့် အခုလို အေးတိအေးစက်ဆန်နေတော့ ဝမ်းနည်းမိတာ အမှန်ပင်။
"ပေါင်ပေါ် လာခဲ့ မမ "
ကျွန်မ ပြောလိုက်တဲ့စကားတခွန်းက မမ အပေါ် အဲ့လောက်ထိတောင် သက်ရောက်သွားစေခဲ့တာလား။ မျက်ရည်တွေဝဲပြီး မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့သွားတော့ ကိုယ့်အမှားကိုယ် သိလိုက်ရတော့သည်။
မဝံ့မရဲနဲ့ ကျွန်မ ပေါင်ပေါ်ကို လာထိုင်တဲ့ မမဟာ တကယ်ကို အဆူခံထိလို့ ဝမ်းနည်းနေတဲ့ ခလေးငယ်တစ်ယောက်လိုပါပဲ။
"ဘာလို့ မျက်ရည်တွေဝဲနေတာလဲ မမရယ်။ မျက်ရည်ကျတာ မကြိုက်ဘူးလို့ ကျွန်မပြောထားတယ်လေ"
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}