မေဘယ်လ်။ အခန်း ( ၁၆ )

12.7K 1K 36
                                    


ရှုပ်ထွေးနောက်ကျိနေတဲ့စိတ်တွေနဲ့အတူ နားထဲ နားကြပ်တပ်ကာ အင်္ကျီမှာပါတဲ့ ခေါင်းစွပ်လေးကိုဆောင်းပြီး ဟန်မြစ်ဘေး စက်ဘီးစီးနေရင်းနဲ့ အနည်းငယ် မှောင်စပြုလာတော့ တစ်ယောက်ထဲစက်ဘီးစီးရန် မသင့်တော်တာကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်လိုက်ရသည်။

လူရှင်းတဲ့ လူကွေ့တစ်နေရာရောက်တော့ မိန်းကလေးတစ်ယောက်က လမ်းကြားထဲကနေ ထွက်လာတာမြင်လိုက်ရ၍ စက်ဘီးကို ဘရိတ်အမြန်အုပ်ကာ ရှောင်လိုက်ပေမယ့် ထိုမိန်းကလေးနဲ့ အရမ်းနီးကပ်လွန်းတာကြောင့် အရှိန်မထိန်းနိုင်ဘဲ စက်ဘီးရော လူပါ လဲကျသွားခဲ့ရသည်။

ချယ်ယောင်းကတော့ စက်ဘီးပေါ်ကနေ အမြန်ခုန်ဆင်းလိုက်တော့ ဘာမှသိပ်မဖြစ်ပေမယ့် စက်ဘီးနဲ့တိုက်မိပြီး လဲကျနေတဲ့ မိန်းကလေးကို မြင်ရသည့်အခါ ကပြာကယာဖြင့် သူ့အနား အပြေးသွားကူရသည်။

"ဘာဖြစ်သွားသေးလဲမသိဘူး။ တောင်းပန်ပါတယ်နော်"

"ရပါတယ်။ တို့ အမှားလည်းပါတာပဲ။ မင်းရော ဘာဖြစ်သွားသေးလဲ"

လဲကျနေတဲ့မိန်းကလေးရှေ့သို့ ဒူးတဖက်ထောက်ကာ ဆွဲထူရန် အလုပ် အောက်သို့ငုံ့နေတဲ့ ထိုမိန်းကလေးက ချယ်ယောင်းကို မော့အကြည့်မှာ မဟာဆန်လွန်းလှသည့် ယင်းမိန်းကလေးရဲ့ လှပမှုဟာ မိန်းကလေးချင်းတောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်အထိပင်။

"ဒီမှာ ဒီမှာ ဘာဖြစ်သွားသေးလဲလို့"

တဖက်ကမိန်းကလေးရဲ့အသံကြားမှ သတိဝင်ကာ စိုက်ကြည့်နေရာကနေ ချက်ချင်းဆိုသလို အကြည့်တွေကို ပြန်လွှဲလိုက်ရသည်။

"ကျွန်မက ဘာမှမဖြစ်ပါဘူး။ ဟိုထနိုင်ရဲ့လား။ လာ ကျွန်မ ကူထူပေးမယ်"

"ကျွန်မဆိုတော့ မင်းက မိန်းကလေးလား ? "

ထူးဆန်းလှတဲ့ မိန်းကလေးရဲ့ စကားကြောင့် ချယ်ယောင်းမှာ ဘာပြန်ဖြေရမှန်းမသိ စွံအ,သွားရတော့သည်။

"မိန်းကလေးပါ။ ဘာလဲ ရှင်က ကျွန်မကို ယောကျ်ား
လေး ထင်နေလို့လား"

ဂျင်းဘောင်းဘီအပွနှင့် အဖြူရောင်ခေါင်းစွပ်အနွေးထည်ကို ဝတ်ဆင်ထားပြီး အရပ်အမောင်းကလည်း တော်တော်လေးကို မြင့်မားလှတာကြောင့် ဒီကောင်မလေးကို ယောကျ်ားလေးလို့သာ ထင်မှတ်နေခဲ့မိတာ။ ခေါင်းစွပ်ကလည်း ဆောင်းထားတော့ သေချာပေါက် ယောကျ်ားလေးဟုသာ စိတ်ထဲ သတ်မှတ်ခဲ့တာလေ။ အခုတော့ မိန်းကလေးတဲ့လား။

When I first met you, I fell for mapleWhere stories live. Discover now